Friday, October 10, 2014

ၾသစေၾတးလ် တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ပထမဆုံးအကြိမ်အဖြစ် ISIL အဖွဲ့ စခန်းများကို တိုက်ခိုက်
သြစတြေးလျနိုင်ငံဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီးချိန်ကတည်းက ပထမဆုံး အကြိမ် အဖြစ် သြစတြေးလျ တိုက်ခိုက်ရေး ဂျက်လေယာဉ် တစ်စီးဟာ အီရတ်နိုင်ငံအတွင်းက တက်ခ် ဖီရီအိုင်အက်စ် အိုင်အယ်လ် Takfiri ISIL အကြမ်းဖက်အဖွဲ့ရဲ့ စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သည်။

အက်ဖ် / အေ- 18အက်ဖ် စူပါဟောနက် ဂျက်လေယာဉ်ဟာ ISIL စခန်းပေါ်ကို တစ်ညတည်းမှာ ဗုံးနှစ်လုံး ပစ်ချခဲ့ကြောင်း သြစတြေးလျ ကာကွယ်ရေး တပ်ဖွဲ့က အောက်တိုဘာလ (၉) ရက်နေ့မှာ ပြောကြား လိုက်သည်။ တိုက်ခိုက်ရေး လေယာဉ်တွေ အားလုံး ပစ်မှတ် နယ်နိမိတ်က ဘေးအန္တရာယ် ကင်းကင်းနဲ့ ထွက်ခွါခဲ့ပြီး စခန်းကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြချက်မှာ ပါရှိပါတယ်။ သြစတြေးလျ ဂျက်လေယာဉ်တွေဟာ ပစ်ခတ်မှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အကြိမ်များစွာ စမ်းသပ် ပျံသန်းခဲ့သေးတယ်လို့ သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ မာ့ခ်ဘင်စကင်း Mark Binskin က ပြောကြားခဲ့ကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြပါရှိသည်။

No comments:

Post a Comment

back to top