Friday, October 10, 2014

BULGARIAN OPEN စနူကာ ချန်ပီယံဖလား ဗြိတိန် စနူကာ ချန်ပီယံ မာဖီ ဆွတ်ခူး ရရှိ



                                                                                                                                  
ကမ္ဘာ့အဆင့် ခုနစ်ရှိ ဗြိတိန် စနူကာ ကစားသမား ရှောင်မာဖီသည် ဘူလ်ဂေးရီးယား နိုင်ငံ ဆိုဖီယာ မြို့၌ လွန်ခဲ့သည့် သီတင်းပတ် အကုန်က ကျင်းပခဲ့သော Victoria Bulgarian Open စနူကာပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်တွင် တစ်နိုင်ငံတည်းသား ဖြစ်သူ စနူကာ ကစားသမား မာတင်ဂိုးလ်ကို (၄-၂) ပွဲဖြင့် အနိုင်ရရှိပြီး ၄င်း၏ တတိယမြောက် ချန်ပီယံ ဖလားကို ဆွတ်ခူး ရရှိသွားကြောင်း သိရသည်။

ကမ္ဘာ့ ချန်ပီယံဟောင်း ဗြိတိန် စနူကာ ချန်ပီယံ မာဖီသည် လွန်ခဲ့သော ရာသီက Gdynia Open စနူကာ ချန်ပီယံ ဖလားနှင့် Haikou World Open ချန်ပီယံ ဆုတို့ကို ဆွတ်ခူး ရရှိ ထားပြီး ယခု ချန်ပီယံဖလားသည် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ပြိုင်ပွဲကာလအတွင်း ၄င်း၏ ပထမ ဆုံးသော ချန်ပီယံဆု ဖြစ်သည်။ မာဖီသည် အဆိုပါ ချန်ပီယံဖလား နှင့်အတူ ဆုငွေ ယူရို ၂၅ဝဝဝ ကို ဆွတ်ခူး ရရှိခဲ့သည်။
အသက် ၃၂ နှစ်အရွယ်ရှိ စနူကာ ကစားသမား မာဖီသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မိုက်ကယ်လ်ကို (၄-ဝ)ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲစဉ်သို့ တက်ရောက်လာပြီး ပီတာ အက်ဘ်ဒန်ကို(၄-၂)ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် လာသော ဂိုးလ်ကို အနိုင် ကစား၍ ဂိုးလ်၏ ချန်ပီယံဆု ဆွတ်ခူး ရရှိရေး မျှော်လင့်ချက်ကို အဆုံးသတ် ပေးခဲ့ကြောင်း သိရသည်။


No comments:

Post a Comment

back to top