Monday, October 27, 2014

မြန်မာယူ-၁၉ အသင်း ကျောနံပါတ် ၁၁ သန်းပိုင်ကို သီပေါပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆို



ယူ-၂ဝ ကမ္ဘာ့ဖလား ဝင်ခွင့်ရ မြန်မာ ယူ-၁၉ အသင်းမှ ကျောနံပါတ် ၁၁ မြန်မာ့ ဂုဏ်ဆောင်ဘောလုံး အားကစားသမား ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ နေထိုင်သူ သန်းပိုင်အား ယနေ့ နံနက် ၈ နာရီတွင် သီပေါမြို့ အဝင်မုခ်ဦး ၌ ဒေသခံ ပြည်သူများက   ပန်းစည်းများ ကမ်း၍ သောင်းသောင်းဖြဖြ   ကြိုဆိုဂုဏ်ပြုကြသည်။

 ကြိုဆိုဂုဏ်ပြုပွဲတွင် သီပေါမြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီး အရာရှိနှင့် အားကစား ဝါသနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက အမျိုးသားရေး စိတ်ဓာတ်ဖြင့် မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမား သန်းပိုင် ကို နွေးထွေးစွာ ဂုဏ်ပြုကြိုဆို ကြသည်။
''ကျွန်တော်တို့ ယခုလို ဂုဏ်ယူပြီး ဝမ်းပန်းတသာ ကြိုဆိုခြင်းဟာ သီပေါမြို့သား တစ်ဦးအနေနဲ့ ကြိုဆိုခြင်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံး အားကစားသမား တစ်ဦးအနေနဲ့ ရင်ထဲ၊ နှလုံးထဲက လှိုက်လှိုက် လှဲလှဲ ကြိုဆိုခြင်း ဖြစ်ပါတယ်''ဟု မြို့မိမြို့ဖ ဦးဘိုနီက ပြောသည်။ အဆိုပါ ယူ-၂ဝ ကမ္ဘာ့ဖလား ဝင်ခွင့်ရ နိုင်ငံ ကိုယ်စားပြု ဘောလုံးသမား သန်းပိုင်ကို ဒေသခံများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး မြို့ပေါ် ၁၁ ရပ်ကွက် ပြည်သူများကလည်း ဂုဏ်ပြုပွဲများ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။     












No comments:

Post a Comment

back to top