Monday, October 27, 2014

ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ပေး
**************************************
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ရွာသာရပ်ရှိ၊ မိုးကောင်းဓမ္မာရုံ၌ အောက်တိုဘာ ၂၄ ရက် နံနက် (၉) နာရီအချိန်က အမရပူရ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးနှင့် ကျေးရွာသူ/သားများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထက် မြို့နယ်အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ မြွှိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင် နှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖွဲ့ခေါင်းဆောင်နှင့် ပါတီဝင်များ၊ ကျေးရွာ သူ/သားများ စုစုပေါင်း အင်အား (၁၈ဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေသခံပြည်သူလူထုနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးစဉ်


တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ လွှတ်တော်အတွေ့အကြုံများနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ပြီး ကျေးရွာသူ/သားများမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ရှင်းလင်းတင်ပြခဲ့ကြသည်။
အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေသခံပြည်သူလူထုနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးစဉ်
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည် တပ်ကြီးကျေးရွာအုပ်စု၊ သူရဲဝန် ကျောင်းတိုက်ရှိ စိန်ရတနာကျောင်းတိုက် ဒေသခံအင်အား (၁၅ဝ)ဦး ခန့်နှင့် တွေ့ဆုံခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် ပညာရေး၊ ကျန်းမာရေး၊ တင်ပြချက်များအပေါ်တွင် ရရှိခဲ့မှုများနှင့် လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ပြည်သူများမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် ၏များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top