Monday, October 27, 2014

ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ပေး
****************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ နယ်လှည့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သည် အောက်တိုဘာ (၂၅) ရက်က ခရိုင်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးလင်းထွန်း၊ ဦးဇော်မြင့်၊ ဦးသောင်းမြင့် တို့ဦးဆောင်၍ လှည်းကူးမြို့နယ် ဒါးပိန်မြို့ သခွတ်ပင်ကျေးရွာသို့ ကွင်းဆင်းကာ အထွေထွေရောဂါ ဝေဒနာရှင် ၉၆ ဦးအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပေးခဲ့ပါသည်။
ဖြိုးစေတနာ နယ်လှည်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ပေးစဉ်

အဆိုပါ ဆေးကုသမှုတွင် လှည်းကူးမြို့နယ် ပါတီအတွင်းရေးမှူး ဒေါက်တာ အောင်မြတ်သူနှင့် ကော်မတီဝင်များ၊ ကျေးရွာပါတီကော်မတီဝင်များနှင့် ပါတီဝင်များ၊ ဆေးအဖွဲ့ ၁ တွင် ဒေါက်တာ နီလာကို နှင့် သူနာပြု အဖွဲ့များ ဆေးအဖွဲ့ ၂ တွင် ဒေါက်တာနန်းမွေနှင့် သူနာပြုအဖွဲ့များ စုစုပေါင်း ၃၅ ဦးဖြင့် ကွင်းဆင်း အခမဲ့ ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးစေတနာ နယ်လှည်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ပေးစဉ်

No comments:

Post a Comment

back to top