အိန္ဒိယ စူပါလိဂ်ပြိုင်ပွဲ ဆုဖလားကို မွန်ဘိုင်းမြို့မှာ ထုတ်ဖော် ပြသ

အိန္ဒိယ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ကျင်းပသည့် အိန္ဒိယစူပါလိဂ် ဘောလုံးပြိုင် ပွဲရဲ့ ဆုဖလားကို တနင်္ဂနွေနေ့ က မွန်ဘိုင်းမြို့မှာ ထုတ်ဖော် ပြသခဲ့သည်။
ပြိုင်ပွဲစတင်ဖို့ တစ်ပတ်သာလိုတော့ချိန်မှာ အခုလို ဆုဖလားကို ပြသခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖြစ်မြောက်ဖို့ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင် မူကက်ရှ်အမ်ဘာနီရဲ့ ဇနီး နီတာအမ်ဘာနီက ပြိုင်ပွဲယှဉ်ပြိုင်မယ့် အသင်း(၈)သင်းက ထိပ်တန်းကစားသမား (၈)ဦးခြံရံကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်တွင်း ကစားသမားနဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားဟောင်းတွေ အချိုးကျပါဝင်တဲ့ အသင်း(၈)သင်းထဲက အခမ်းအနားကို တက်ရောက်ခွင့် ရသူတွေကတော့ မွန်ဘိုင်းစီးတီးက ဖရက်ဒီယွန်းဘတ်၊ ဒေလီဒိုင်နမိုက အလက်ဆန်ဒရိုဒယ်လ်ပီယာရို၊ နော့အိစ်ယူနိုက်တက်က ဂျိုအန်ကက်ဒီဗီလာ၊ အက်စ်စီပူနေးက ဒေးဗစ်ထရက်ဇီဂေး၊ အက်စ်စီဂိုအာက ရောဘတ်ပီးရက်စ်၊ ချန်နိုင်းရင်းအက်ဖ်စီက မိုက်ကယ် ဆီလ်ဗက်စတာ၊ အက်သလက်တီကိုဒီကိုလ်ကာတာက လူးဝစ်ဂါစီယာနဲ့ ကီရာလာ ဘလက်စတာက ဒေးဗစ်ဂျိမ်းစ်တို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ တည်ထောင်ထားတဲ့ အသင်း(၈)သင်းဟာ ချန်နိုင်း၊ ဒေလီ၊ ဂိုအာ၊ ဂူဝါဟာတီ၊ ကိုချီ၊ ကိုလ်ကာတာ၊ မွန်ဘိုင်း၊ ပူနေးစတဲ့ မြို့ကြီးတွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ အောက်တိုဘာ(၁၂)ရက်မှာ အက်သ လက်တီကိုဒီကိုလ် ကာတာနဲ့ မွန်ဘိုင်းစီးတီးတို့ပွဲနဲ့ စတင်ဖွင့်လှစ်မယ့် အိန္ဒိယစူပါလိဂ်ပြိုင်ပွဲဟာ အိမ်ကွင်း၊ အဝေးကွင်း တစ်လှည့်စီ ယှဉ်ပြိုင်ရ မှာဖြစ်ပြီး အမှတ်အများဆုံး (၄)သင်းဟာ ဆီမီးဖိုင်နယ် ကစားရမှာဖြစ်ကာ ဖိုင်နယ်ကိုတော့ ဒီဇင်ဘာ(၂၀)မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment