Thursday, October 9, 2014

ပရိတသတ်တွေရဲ့ အားပေးနေမှုကို ကျေးဇူးတင်ကြောင်း ဘီယန်ချီအသင်း ဒါရိုက်တာ ပြောကြား



ပြိုင်ပွဲယှဉ်ပြိုင်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့သည့် အသင်းသား ဘီယန်ချီကို အားပေးစကားဆိုသည့် မက်ဆေ့တွေပေးပို့သည့် ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ဖော်မြူလာဝမ်း ကားမောင်းအသင်း မာရုရှားအသင်းက သတင်းထုတ်ပြန်ကြောင်းသိရသည်။

ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် မိုးရွာသွန်းမှုကြောင့် စိုစွတ်တဲ့ ပြေးလမ်းမှာ မောင်းနှင်ရင်း မတော်တဆဖြစ်ကာ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ ဘီယန်ချီဟာ ဂျပန် ဆေးရုံတစ်ခုမှာ တက်ရောက် ကုသနေရတာမို့ အသင်း ပရိသတ်တွေက အခုလို အားပေးစာတွေ ပေးပို့ခဲ့ကြတာ ဖြစ်သည်။ မာရုရှား အသင်း ဒါရိုက်တာ အန်ဒရီမာရော့က ”ဘီယန်ချီအတွက် ဆုတောင်း ပေးကြသူ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဖော်မြူလာဝမ်း ပြိုင်ပွဲဟာ အားကစားပွဲ တစ်ခု ဖြစ်ပေမယ့် အန္တရာယ်များတဲ့ ပွဲတစ်ခု ဆိုတာကိုလည်း ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေး မှုနဲ့အတူ ဘီယန်ချီအမြန်ဆုံး ကျန်းမာလာဖို့ ဆုတောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မာရော့က ဘီယန်ချီဟာ အသင်းအနာဂတ်ကို ပြောင်းလဲ ပေးခဲ့သူ ဖြစ်ကြောင်းနဲ့ ၂၀၁၀မှ စတင်တည်ထောင်ခဲ့တဲ့ အသင်းလေးကို လူအများ စိတ်ဝင်စားလာအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ကြောင်း ချီးကျူးစကား ဆိုခဲ့ပါသေးတယ်။ ဘီယန်ချီဟာ ဒီနှစ်အတွင်း ကျင်းပခဲ့တဲ့ မိုနာကိုဂရင်းပရီပြိုင်ပွဲမှာ အဆင့်(၉) နေရာရခဲ့ပြီး အသင်း အတွက် အောင်မြင်မှု ရယူ ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

No comments:

Post a Comment

back to top