Thursday, October 9, 2014

ဆိုင်ကယ်လိုင်စင် စီမံချက်ပြီးဆုံး၍ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီးအရေး ယူသွားမည်

မြန်မာနိုင်ငံအတွင်း တရားဝင်လိုင်စင်မရှိဘဲ မောင်းနှင်သွားလာနေသည့်  မော်တော်ဆိုင်ကယ်များကို ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန၊ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက  One Stop Service  နဲ့ လိုင်စင် ပြုလုပ်ပေးခဲ့ရာ  ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်ကတည်းက လိုင်စင်စီမံချက် ပြီးဆုံးပြီးဖြစ်သည့် အတွက် အခုနောက်ပိုင်းတွင်  မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူ သွား မည်ဖြစ်ကြောင်း သိရသည်။
လိုင်စင်စီမံချက် ပြီးဆုံးသွားပြီဖြစ်သည့်အတွက်  One Stop Service  နဲ့ လိုင်စင် ထပ်မံပြုလုပ်ပေးဖို့ အစီ အစဉ် မရှိတော့ဘဲ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို စိစစ်ခြင်း၊ ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်းများကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက တိုက်ရိုက်တာဝန်ယူဆောင် ရွက်သွားမှာဖြစ်ကာ မှတ်ပုံတင်မဲ့ တွေ့ရှိပါက  ဆိုင်ကယ်တန်ဖိုး ဒေသပေါက်ဈေးရဲ့ (၅၀)ရာခိုင်နှုန်း (သို့မဟုတ်) ယင်း တန်ဖိုးထက် မနည်းတဲ့ ဒဏ်ကြေးကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top