Tuesday, October 7, 2014

2NE1 အဖွဲ့၏ I Am The Best တေးသီချင်း World Digital Songs စာရင်းတွင် နံပါတ်တစ် နေရာရရှိ



ပရိသတ်အခိုင်အမာရရှိထားသော 2NE1 အဖွဲ့၏ I Am The Best တေးသီချင်းသည် ယခု သီတင်းပတ်တွင်ဘေလ်ဘုတ်၏ World Digital Songs စာရင်းတွင် နံပါတ်တစ် နေရာ ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အဆိုပါ တေးသီချင်းသည်  World Digital Songs စာရင်းတွင် နံပါတ်လေး နေရာ ရရှိခဲ့ရာမှ ယခု အခါတွင် နံပါတ်တစ် နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
2NE1 အဖွဲ့၏ I Am The Best တေးသီချင်းကို အမေရိကန် အသံလွှင့်ဌာနက မကြာခဏ ထုတ်လွှင့်ခဲ့ပြီး YouTube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုသူ ပရိသတ်သန်း ၁ဝဝ အထိ ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top