Thursday, October 9, 2014

ရန်ကုန် တက္ကသိုလ်၌ နိုင်ငံတကာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်မည်

ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာ ပညာရပ်များကို လေ့လာသင်ကြားခွင့်ရရန် ရန်ကုန် တက္ကသိုလ်၌ နိုင်ငံတကာ သင်တန်းများကို တိုးချဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ သိရသည်။
အဆိုပါ နိုင်ငံတကာ သင်တန်းများကို ယခုလက်ရှိအချိန်တွင် ဖွင့်လှစ် ထားသော်လည်း ဖွင့်လှစ်ထားသော အရေအတွက်သည် ကျောင်းသားများ အတွက် နည်းနေသောကြောင့် အမျိုးသား ပညာရေး ဥပဒေ ထွက်ရှိလာပါက နိုင်ငံတကာ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။ နိုင်ငံတကာ သင်တန်းများကို တိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ''ဒီလို သင်တန်းတွေ ပေးတာက ပညာရေးမှာ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးလာဖို့အတွက် ခြေ လှမ်းတွေ စနေတာ ဖြစ်ပါတယ်'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ သင်တန်းများကို ဖွင့်လှစ်ရခြင်းသည် အမျိုးသားပညာရေး ဥပဒေနှင့်အညီ ဖော်ဆောင်ရမည့် ပညာရေး အတွက် ခြေလှမ်းများကို စတင် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းသား အရေအတွက် အနည်းငယ်ကိုသာ သင်ကြားပေးနိုင်ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နှင့် နိုင်ငံတကာရှိ တက္ကသိုလ်များ၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အများအပြား ရှိနေကြောင်း သိရသည်။ ရန်ကုန် တက္ကသိုလ်၌ နိုင်ငံတကာမှ ပြည်ပသင်တန်းများ ဖွင့်လှစ်ရန် လာရောက် ကမ်းလှမ်းမှုများ ရှိနေကြောင်း၊ ရန်ကုန်တက္ကသိုလ်၌ ကျောင်းသား အရေအတွက်မှာ အနည်းငယ်သာ ရှိနေသဖြင့် ရန်ကုန်တက္ကသိုလ်ရှိ အချို့ လစ်လပ်နေသော အဆောင်များကို ပြည်ပဌာနများ အတွက် အသုံးပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top