၂၀၁၄ ခုနှစ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးပညာရှင် နိုဘယ်ဆု (၃) ဦး ပူးတွဲ ရရှိ

ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ၏ တည်ရှိရာနေရာကို မှတ်မိသိရှိနိုင်စေရန် ဦးနှောက်ထဲက ဆဲလ်များမည်ကဲ့သို့ အလုပ်လုပ်သည် ဆိုသည်ကိုတွေ့ရှိခဲ့ကြသည့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးပညာရှင် (၃) ဦးဖြစ်သည့် John O'Keefe, May-Britt Moser နှင့် Edvard Moser တို့က ၂၀၁၄ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲရရှိသွားကြောင်းသိရှိရပါသည်။
ထိုပညာရှင် (၃) ဦး၏တွေ့ရှိချက်ကြောင့် ပတ်ဝန်းကျင်ရှိအရာများကို သိရှိမှတ်မိအောင် ဦးနှောက်ကမည်သို့ အလုပ် လုပ်သည်၊ ရှုပ်ထွေးသည့်ဝန်းကျင်တွင် တစ်နေရာမှ စတ်နေရာသို့သွားလာနိုင်အောင် ဦးနှောက်က မည်သို့ လုပ်ဆောင်ကြောင်းကို ပိုမိုသိရှိနားလည်သွားစေသည်ဟု ဆုရွေးချယ်ရေး ကော်မတီက ပြောကြား ခဲ့ပါသည်။
ထို့ပြင် အယ်လ်ဇိုင်းမားဟုခေါ်သည့် မိမိဝန်းကျင်တွင်တည်ရှိ သည့်အရာများကို လုံးဝမမှတ်မိတော့သည့် မှတ်ဥာဏ်ချို့ယွင်းသည်းရောဂါကို ဘာကြောင့်ဖြစ်သည် ဆိုသည်ကို သိအောင် ဖော်ထုတ်နိုင်ကောင်းသည်ဟု မျှော်လင့်နေကြကြောင်းလည်းသိရှိရပါသည်။ John O'Keefe သည် ဗြိတိသျှ အမေရိကန် ဆေးသုတေသီဖြစ်ပြီး May-Britt နှင့် Edvard Moser တို့သည် နော်ဝေနိုင်ငံသား ဆေးသုတေသီ ဇနီးမောင်နှံ ဖြစ်ကြပါသည်။
No comments:
Post a Comment