မဟာမိတ် နိုင်ငံများအပေါ် ကာကွယ်ပေးရန် အသင့်ရှိဟု နေတိုးအကြီးအကဲသစ် ပြောကြား

ယူကရိန်း အရှေ့ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက် နေမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း၊ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုကိုရုရှား လိုလားသော ခွဲထွက်ရေး သမားများဘက်မှ လိုက်နာရန်မှာ ရုရှားနိုင်ငံ အနေဖြင့် ခွဲထွက်ရေးသမား များအပေါ် ၎င်းနိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို အသုံးချရမည်ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ အကြီး အကဲသစ် ဂျန်စတော့တန်ဘာ့ဂ်က ပြောကြားသည်။
ဂျန်စတော့တန်ဘာ့ဂ်သည် အဆိုပါ ပြောကြားချက်ကို ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည့် ပိုလန်နိုင်ငံတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ ယူကရိန်း အစိုးရအဖွဲ့နှင့် ခွဲထွက် ရေး သမားများအကြား ထားရှိသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို နှစ်ဖက်အဖွဲ့ အနေဖြင့် လေးစားလိုက်နာသင့်ကြောင်း၊ ခွဲထွက်ရေး သမားများဘက်မှ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လိုက်နာရန်မှာမူ ရုရှားနိုင်ငံက လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် နေတိုးတပ်ဖွဲ့ အနေဖြင့် မဟာမိတ် နိုင်ငံများ အားလုံးကို အကာအကွယ်ပေးရန် အသင့်ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
No comments:
Post a Comment