Friday, October 10, 2014

အစ္စလာမ်မစ် နိုင်ငံတော်ကို ချေမှုန်းရာမှာ အခက်အခဲ များစွာရှိသည်ဟု အမေရိကန်သမ္မတ အိုဘားမား ပြောကြား

ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ ရှုံးနိမ့် အောင်စစ်ရေးအရ ဘယ်လို တိုက်ရမလဲ ဆိုတာကို အမေရိကန် သမ္မတ အိုဘားမားက ပင်တဂွန် စစ်ဌာနချုပ်မှာ ထိပ်တန်း စစ်ဘက် အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
“ကျွန်တော်တို့ မဟာမိတ်တွေနဲ့အတူ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အခက်အခဲ များစွာလည်း ရှိပါသည်။ ကျွန်တော် အစက တည်းက ပြောခဲ့သလိုပဲ တစ်ညတည်းနဲ့ ဖြေရှင်းသွားရမယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ရဲ့ ရက်စက် တဲ့ အပြုအမူတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိတယ် ဆိုတာကို တစ်ကမ္ဘာလုံး မှာရှိတဲ့ နိုင်ငံတွေ သဘောတူ ထားကြတယ်”လို့ အိုဘားမားက ပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းကပဲ ကိုဘာနီမြို့ ISလက်ထဲ မရောက်အောင် အမေရိကန်က လေကြောင်းကနေ (၆)ကြိမ်တိတိ တိုက်ခိုက်ခဲ့သည်။ သို့သော် လေကြောင်း တိုက်ခိုက်မှု တစ်ခုတည်းနဲ့ ISအဖွဲ့ကို အနိုင်ရရှိနိုင်မှာ မဟုတ်ဟု ပင်တဂွန် ပြောဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီက ပြောခဲ့ကြောင်း ရိုက်တာ သတင်းဌာနက သတင်းပေးပို့ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top