Friday, October 10, 2014

အောက်တိုဘာလ (၁၀) ရက်နေ့မှာ စတင်မည့်ဟောင်ကောင် ဒီမိုကရေစီအရေး ဆွေးနွေးပွဲ

ဟောင်ကောင်အစိုးရနဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့မှာ ပထမဆုံးတွေ့ဆုံ စကားပြောသွားမှာဖြစ်ပါသည်။ ဒီမိုကရေစီလိုလားသူကျောင်းသားတွေနဲ့ ဟောင်ကောင် အစိုးရတို့ဟာ လာမည့် အောက်တို ဘာလ (၁၀) ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံ စကားပြောသွားမည်ဖြစ်သည်။

ဒါပေမယ့်ကျောင်းသား တွေဘက်ကတော့ အစိုးရဘက်မှပြသလာသည့် အစီအစဉ်အပေါ် စိတ်ကျေနပ်မှုမ ရှိဟုလည်း သိရှိရ ပါသည်။ နှစ်ဖက်စလုံးက တွေ့ဆုံရန် သဘောတူညီခဲ့တာဖြစ်ပြီး အများပြည်သူ တွေ့နိုင်တဲ့ နေရာတစ်ခုမှာ ဆွေးနွေးပွဲကို ကျင်းပသွားမှာဖြစ်ပါသည်။ ဟောင်ကောင်အစိုးရရဲ့ ဒုတိယမြောက် အုပ်ချုပ်သူက တက်ရောက်သွားဖို့ အစီအစဉ်ဆွဲထားပြီး ဟောင်ကောင် ကျောင်းသား တွေကတော့ အစိုးရဟာ မတိကျသည့် အချက်အလက်တွေသာ ပြသနေပြီးတော့ ရိုးသားမှုမရှိ ဟုလည်း စွပ်စွဲ နေသည်။
ဆန္ဒပြသူတွေဟာ ဟောင်ကောင်အုပ်ချုပ်သူ လင်ချွန်းယင်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုထားပြီး ဒီမိုကရေစီ ခေါင်းဆောင် တွေကို ပါဝင်ခွင့်တားမြစ်ထားတဲ့ ၂၀၁၇ ဟောင်ကောင် အုပ်ချုပ်သူ ရွေးကောက်ပွဲ ကိုလည်း ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆို ထားခြင်းဖြစ်သည်။

No comments:

Post a Comment

back to top