Thursday, October 30, 2014

မြန်မာ ယူ-၁၉ အသင်း နို ဝင် ဘာ ၁ ရက် တွင် ရန်ကုန်မြို့တွင်း လှည့်လည် အောင်ပွဲခံမည်

နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ ယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲကို နှစ်ရက်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁ရက်တွင် ရန်ကုန်မြို့ အတွင်း၌ လှည့်လည်အောင်ပွဲခံကာ ညပိုင်းတွင် ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ဂုဏ်ပြုပွဲ ကျင်းပသွားမည်ဖြစ်သည်။ နိုဝင်ဘာ ၂ရက်တွင် မြန်မာ ယူ-၁၉ အသင်း အတွက် ကျင်းပမည့် ဂုဏ်ပြုဖျော်ဖြေပွဲကို အမျိုးသား အားကစား ပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ ကျင်းပ သွားမည်ဖြစ်သည်။
အောင်ပွဲရ မြန်မာ  ယူ-၁၉အသင်းသည် နံနက် ၉နာရီတွင် သုဝဏ္ဏဘောလုံးကွင်း ရှေ့ရှိ ဘောလုံး အဖွဲ့ချုပ် မှ စတင်ထွက်ခွာ မည်ဖြစ်ပြီး ဝေဇယန္တာလမ်း၊ သစ္စာလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ မြောက်ဥက္ကလာပ မှ  ခရေပင် လမ်းခွဲ၊ တညင်းကုန်း၊ အောင်ဆန်း၊ အင်းစိန်၊ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်းမှ တစ်ဆင့် ပြည်လမ်း၊ ဘုန်းကြီးလမ်း၊ မဟာဗန္ဓုလလမ်းမှ မြို့တော် ခန်းမရှေ့၊ ယင်းမှ သိမ်ဖြူ၊ တာမွေ မှ  ဘောလုံး အဖွဲ့ချုပ်အထိ အောင်ပွဲခံမည် ဖြစ်သည်။ ညပိုင်း၌ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ် မည်ဖြစ်သည်။
နိုဝင်ဘာ ၂ ရက်တွင် ဂုဏ်ပြု ဖျော်ဖြေပွဲကို အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ Rဇာနည်၊ ဇော်ပိုင်၊ လင်းလင်း၊ ဂျီလတ်၊ နန္ဒစိုင်း၊ ဘန်နီဖြိုး၊ ဝေလ၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ၊ နီနီခင်ဇော်၊ သီရိဆွေ၊ Bobby Soxer ၊ အိမ့်ချစ် စသည့် တေးသံရှင်များ၏ ဖျော်ဖြေမှု၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်သည့် လူမင်း၊ မင်းမော်ကွန်း၊ နေတိုး၊ ပြေတီဦး၊ ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနှင့် စိုးမြတ်သူဇာ တို့ ပါဝင်မည့် ''လူကျွံဘော'' ပြဇာတ်၊ ဇာဂနာ၊ မေတ္တာနှင့် ငှက်ပျောကြော်တို့ တင်ဆက်မည့် အငြိမ့်တို့ ပါဝင်မည် ဖြစ်သည်။

No comments:

Post a Comment

back to top