Thursday, October 30, 2014

နိုင်ငံတကာ အာကာသစခန်းသို့ လွှတ်တင်သည့် ဒုံးပျံတစ်စင်း လွှတ်တင်ပြီး ခြောက်စက္ကန့် အကြာမှာပင် ပေါက်ကွဲ





နိုင်ငံတကာ အာကာသစခန်းသို့ ဦးတည်လွှတ်တင်သည့် ထောက်ပံ့ရေးဒုံးပျံတစ်စင်းသည် လွှတ်တင်ပြီး ခြောက်စက္ကန့် အတွင်း ပေါက်ကွဲ သွားရာ လက်ရှိအချိန်ထိ မည်သည့်အတွက်ကြောင့် ပေါက်ကွဲရသည်ကို ရှာဖွေ နိုင်ခြင်းမရှိသေးကြောင်း၊ ၎င်းဖြစ်ရပ်မှာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ၀ါးလော့ပ်ကျွန်းပေါ်ရှိ နိုင်ငံတကာအာကာသယာဉ် လွှတ်တင်ရေးစခန်းတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယခု ဒုံးပျံကို Orbital သိပ္ပံကော်ပိုရေးရှင်း၏ အန်တာရီဒုံးကျည်နှင့် ဆိုင်ဂနပ်စ် ကုန်တင်အာကာသယာဉ်တို့ဖြင့် အဂါင်္နေ့ ညနေ ၆ နာရီ ၂၂ မိနစ်က ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ အာကာသစခန်းသို့ ထောက်ပံ့ရေးနှင့် သုတေသန ပစ္စည်းအလေးချိန် ပေါင် ၅၀၀၀ ကို တင်ဆောင်ကာ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု အတွင်းမှာ အသက်သေဆုံးတာတော့ မရှိပါဘူး”ဟု နာဆာ ပြောခွင့်ရှိသူ ဂျေးဘိုဒင်းက ပြောသည်။

“အိမ်နဲ့ ကားအချို့ ပျက်စီးသွား တာတော့ ရှိတယ်။ ဘာကြောင့် ပေါက်ကွဲတယ် ဆိုတာ စစ်နေကြ ပါပြီ”ဟု ၎င်းက ပြောသည်။ ဒုံးပျံမလွှတ်တင်မီက ရာသီဥတုတစ်ရာရာခိုင်နှုန်း ကောင်းမွန်နေပြီး နည်းပညာပိုင်းမှာလည်း စိတ်ချရသည်ဟုအေဂျင်စီကသတင်းထုတ်ခဲ့သည်။    
အစောပိုင်းက တနလာင်္ နေ့ တွင် လွှတ်တင်ရန် စီစဉ်ထား သော်လည်း စက်ပိုင်း ဆိုင်ရာတွင် ချို့ ယွင်းမှု တွေ့ ၍ ရွေ့ဆိုင်းလွှတ်တင် ခဲ့ခြင်းဖြစ်သည်။ ယင်းဒုံးပျံသည် Orbital ၏ တတိယ အကြိမ်မြောက် နိုင်ငံတကာ အာကာသစခန်းသို့ နာဆာအတွက် လွှတ်တင် ပေးခြင်းဖြစ်ပြီး ယင်းအတွက် ပေါင် ၁ ဒသမ ၁ ဘီလီယံ ရရှိခဲ့သည်။ အာကာသယာဉ်တွင် အစားအစာ၊ ရေ၊ ဓာတ်ခွဲ ပစ္စည်းနှင့် အာကာသယာဉ်မှုးများ၏ အသုံး အဆောင်များကို တင်ဆောင်၍ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top