Thursday, October 30, 2014

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပိုက်ကျော်ခြင်း ထိပ်သီးပြိုင်ပွဲကို ကမ္ဘာအနှံ့ တိုက်ရိုက် ထုတ်လွှင်ြ့ပသမည်

ကမ္ဘာအနှံ့တိုက်ရိုက်ထုတ်လွှင့် ပြသမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပိုက်ကျော်ခြင်း ထိပ်သီးအသင်းများ ပြိုင်ပွဲ ၂၀၁၄-၂၀၁၅ (ISTAF Super Series Myanmar 2014-2015) ပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဦးဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ယခုလ ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း ပိုက်ကျော်ခြင်း အားကစားဆောင် ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အမျိုးသား ရှစ်သင်းနှင့် အမျိုးသမီးခြောက်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့မှ ပိုက်ကျော်ခြင်း အသင်းများ ပါဝင်ကြ မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အသင်းသည် မြန်မာနိုင်ငံတွင် ယမန်နှစ်က လက်ခံကျင်းပခဲ့သည့် အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲ တွင် ရွှေတံဆိပ်လေးခု၊ (၁၇) ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု ရရှိထားကြောင်း သိရသည်။

No comments:

Post a Comment

back to top