Wednesday, October 15, 2014

ဂျပန်ဂီတလောကသို့ ထိုးဖောက်ရန်ပြင်ဆင်နေသည့် Crayon Pop



Bar Bar Bar သီချင်းဖြင့် ကေပေါ့ပ်လောကအတွင်း လျင်မြန်စွာ အောင်မြင်မှုများဆွတ်ခူးနိုင်ခဲ့သူ တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့ Pony Crayon အနေဖြင့် ဂျပန်ဂီတကုမ္ပ္ပဏီတစ်ခုဖြစ်သည့် Pony Crayon နှင့် စာချုပ်များချုပ်ဆိုကာ လာမည့်နှစ်ဦးပိုင်းတွင် ဂျပန်နိုင်ငံ၌ ဂီတလှုပ်ရှားမှုများ တရားဝင်စတင်သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ ခရုမ်းအင်န်တာတိန်း မန့်မှ သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အဖွဲ့အနေဖြင့် ဂျပန်နိုင်ငံ၌ ဂီတလှုပ်ရှားမှုများ မစတင်မီ တောင်ကိုရီးယားပရိသတ်အတွက် EP အယ်လ်ဘမ်တစ်ခုကို လာမည့်နိုဝင်ဘာ ၁၉ ရက်တွင် ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Crayon Pop အဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသော Pony Crayon သည် ဂျပန်နိုင်ငံ၏အကြီးဆုံးသော ဂီတထုတ်လုပ်ရေးဆိုင်ရာကုမ္ပ္ပဏီတစ်ခုဖြစ်ပြီး ကိုရီးယားကြယ်ပွင့်များစွာကို မွေးထုတ် ပေးလျက်ရှိသည့် ကုမ္ပ္ပဏီတစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment

back to top