လက်ဆောင်ဂိုး နှစ်ဂိုးဖြင့် ကျူပီအာကို လီဗာပူးအနိုင်ယူ
ကျူပီအာနှင့် လီဗာပူးတို့၏ ပွဲမှာ ပွဲပြီးခါနီး ဒရာမာဆန်ဆန် သွင်းဂိုးများဖြင့် အဆုံးသတ်ခဲ့ပြီး လီဗာပူးမှာ လက်ဆောင်ဂိုးနှစ်ဂိုးကြောင့် သုံးမှတ်ရရှိသွားသည်။ ကျူပီအာနောက်တန်းလူ ရစ်ချက်ဒန်းက ၆၇မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး စတီဗင် ကော့ကာက လည်း ၉၅ မိနစ်တွင် ထပ်မံ၍ ကိုယ့်ဂိုးကိုယ်သွင်းခဲ့ခြင်းဖြစ်သည်။ အက်ဒွာဒိုဗာဂက်စ်က လီဗာပူးအတွက် ချေပဂိုးဖြစ်ခဲ့သော ကော်တင်ဟို၏ ဂိုးမတိုင်မီနှင့် နောက်ပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့သော်လည်း အသင်းရှုံးနိမ့်မှုကို မကာကွယ်နိုင်ခဲ့ပေ။ လီဗာပူးမန်နေဂျာ ရော်ဂျာကိုယ်တိုင် ကျူပီအာအသင်း မရှုံးနိမ့်ခဲ့သင့်ဟုပြောကြားသည်။ မိမိတို့အသင်းမှာ ကံကောင်း၍ အနိုင်ရရှိခြင်းဖြစ်သည်ဟု ရော်ဂျာက ပြောကြားပြီး ဆာလင်း၏ ကစားပုံကို ချီးကျူးသွား သည်။ ကျူပီအာနည်းပြ ဟယ်ရီရက်နက်က အသင်းမှာ အကောင်းဆုံးကစားခဲ့သော်လည်း အထာမနပ်၍ ရှုံးခဲ့ရသည်ဟု ပြောသည်။

No comments:
Post a Comment