ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီး ဖန်တီးမယ့် သားညီ
သရုပ်ဆောင် အဖြစ် သာမက ဒါရိုက်တာ အဖြစ်ပါ ပူးတွဲ လုပ်ကိုင်လာသည့် သားညီက ဒါရိုက်တာ အသစ် တစ်ယောက် အဖြစ် အားနည်းချက် များရှိ သော်လည်း ယခု ရိုက်ကူးတော့မည့် လူကြမ်းတစ်ယောက် အသည်းကွဲခြင်း ရုပ်ရှင် ဇာတ်ကားကြီးကို အကောင်းဆုံး ဖြစ်အောင် ရိုက်ကူး သွားမည် ဖြစ်ကြောင်း ပြောသည်။ ကျွန်တော်က ဒါရိုက်တာ ဖြစ်လာတယ် ဆိုပေမယ့် ဇာတ်တွေ ကတော့ ကျွန်တော့်မှာ မရှိသေးဘူး။ ကားတွေတော့ လာအပ် ကြတယ်ပေါ့။ ဒါပေမဲ့ ဇာတ်က မရှိဘူး ဖြစ်နေတယ်။ သူများတွေ ဆိုရင် အခွေတစ်ခွေကြည့် လိုက်ရင် အဲဒီအထဲ ကနေ အတွေးတစ်စ ရတယ်။ ကျွန်တော်က အတွေး တစ်စရ ပြီးရင် ဆက်ထွက် မလာတော့ဘူး။ သူများတွေက အတွေးတစ်စ ကနေ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားတယ်။
ကျွန်တော့်ရဲ့ အားနည်းချက်က ဇာတ်ညွှန်းရေးတဲ့ ဇာတ်လမ်း ဆရာကို အားကိုး နေရတုန်း ပဲရှိတယ်။ တဖြည်းဖြည်းတော့ လေ့လာနေ ရတယ်။ အစတုန်း ကတည်းက ကျွန်တော်က ဒါရိုက်တာ လုပ်မယ်လို့ စိတ်ကူးခဲ့တာ မဟုတ်ဘူး။ ရည်ရွယ်ချက်လည်း မရှိခဲ့ဘူး။ ကျွန်တော် ဖြစ်ချင်တာက MTV ဒါရိုက်တာ ဆိုတော့ ဒါကိုပဲလေ့လာ ဖြစ်ခဲ့တာပါ။ ဇာတ်တွေကို ကြတော့ အခုမှ လေ့လာနေ ရတယ်။ အခုလည်း ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်မယ့် ရုပ်ရှင်ကားကြီးကို ရိုက်ရမယ်။
ဒီကား ကလည်း အက်ရှင် ရုပ်ရှင်ကားကြီး ဖြစ်တော့ ၀ုန်းဒိုင်းကျဲ ရိုက်ရမယ့် အခန်းတွေလည်း ပါတယ်။ အပြေးအလွှား အပစ်အခတ်တွေ ပေါ့နော်။ အဲဒီ အခန်း တွေအတွက် နည်းနည်း ရင်ခုန်တယ်။ လျှော့သင့်တဲ့ အခန်းကို လျှော့ပြီး တင်လို့ရမယ့် အခန်းကို တင်ပြီး နှစ်ဆ ရိုက်မယ်။ သူများ နိုင်ငံမှာ အက်ရှင်တစ်ခု ကိုရိုက်ရင် ဖျက်ဆီးပြ နိုင်တယ်။
မလိုအပ်ဘဲလည်း တော်တော်များများကို ဖျက်ဆီး ပြတယ်။ ကျွန်တော်တို့ ဆီမှာ အဲလို အခွင့်အရေးလည်း မရှိဘူး။ အန်နီမေးလ်ရှင်း လုပ်စရာလည်း မရှိဘူး ကားချင်း တိုက်မယ်ဆိုရင် တိုက်ပြမှ ရမယ်။အဲဒီထဲကမှ ဘယ်လောက် ဖျက်ဆီးပြနိုင်မလဲ ဆိုတာကို ကျွန်တော် တို့ လုပ်ပြရမယ်။ ကျွန်တော့် အနေနဲ့ ဒါရိုက်တာအသစ် တစ်ယောက် ဆိုတော့ စမ်းတ၀ါးဝါးနဲ့ လုပ်နေတာပဲ။ မှားတာလည်း ရှိမယ်၊ မှန်တာလည်း ရှိမယ်။ ကျွန်တော်တို့ ကောင်းမယ်ထင်လို့ ပရိသတ်ဆီ တင်ပြတဲ့ အရာတွေက (၁၀၀) မှာ (၁၀၀) လုံးတော့ မကြိုက်နိုင်ဘူး။ ဒါပေမဲ့လည်း အကောင်းဆုံး ဖြစ်အောင်တော့ ကျွန်တော် ရိုက်ပြမှာပါ ဟု ဒါရိုက်တာ သားညီက ပြောသည်။ လက်ရှိတွင် တစ်လလျှင် ဒါရိုက်တာအဖြစ် တစ်ကား၊ သရုပ်ဆောင်အဖြစ် နှစ်ကား၊ ပုံမှန် ရိုက်ကူးနေကြောင်း သားညီက ပြောသည်။

No comments:
Post a Comment