Wednesday, October 22, 2014

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ ကော်မရှင်သို့ တိုက်ရိုက် လျှောက်ထားရမည်

ရန်ကုန်- ၂၀၁၅ ရွေးကောက်ပွဲကို ပြင်ပလေ့လာစောင့်ကြည့်ရေး အဖွဲ့များ လေ့လာစောင့် ကြည့်လိုပါက ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရမည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်များဖြင့် စိစစ်ခွင့်ပြုသွား မည်ဟု သတင်းရရှိသည်။
လေ့လာစောင့်ကြည့်လိုသူ အဖွဲ့အစည်းမျာသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် ဥပဒေအရ မှတ် ပုံတင်ထားသော အဖွဲ့အစည်းဖြစ် ရန်မလိုဘဲ ကော်မရှင်သို့လျှောက် ထားရမည်ဖြစ်ပြီး ကော်မရှင်၏ သတ်မှတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။
လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများကို အဓိကသတ် မှတ်ချက်နှစ်ချက်ဖြစ်သည့် ပါတီ နိုင်ငံရေးကင်းရှင်းခြင်းနှင့် လက်နက် ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှု မရှိခြင်းစသည့်အချက်များဖြင့် သာ စိစစ်၍ ခွင့်ပြုချက်ပေးသွား မည်ဟုလည်း ဦးသောင်းလှိုင်က ပြောသည်။
အဆိုပါ အဖွဲ့အစည်းများ လိုက်နာရမည့် စည်းမျဉ်းများကို လည်း ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲ နေပြီဖြစ်ပြီး ယင်းစည်း မျဉ်းများ ရေးဆွဲနိုင်ရန်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆွေး နွေးနေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
အရပ်ဘက်လူမှု အဖွဲ့အစည်းများကလည်း အဆိုပါ စည်းမျဉ်း မူကြမ်းကို ၎င်းတို့ဘာသာရေး ဆွဲထားပြီး ဖြစ်သဖြင့် ကော်မရှင် အနေဖြင့်လည်း ယင်းမူကြမ်းကို လေ့လာနေသည်ဟု ကော်မရှင် ညွှန်ကြားရေးမှူးက ပြောသည်။
မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲ၌ မဲရုံများတွင် မဲရုံ ကိုယ်စားလှယ်များနှင့်အတူ လေ့လာ စောင့်ကြည့် သူများကိုပါ ခွင့်ပြုသွား မည်ဖြစ်ရာ မဲရုံပရိဝုဏ် အကျယ်အ၀န်းပေါ်မူတည်၍ လေ့လာ စောင့်ကြည့် နိုင်သူ အရေ အတွက် ကွာခြားနိုင်ကြောင်း သိရသည်။
သို့သော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်မည့် စည်းမျဉ်းဥပဒေကသာ အတည်ဖြစ် မည်ဖြစ်၍ မကြာမီထုတ် ပြန်ပေး သွားမည်ဟု သိရသည်။
Ref;7 day daily

No comments:

Post a Comment

back to top