ဆက်သွယ်ရေးနှင့် ဆက်နွှယ်သော လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်၊ လိုင်စင်လျှောက် ထား ရယူလိုသူများ ဆက်သွယ်ဆောင်ရွက်နိုင်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥ ပဒေကို ထုတ်ပြန်လိုက်သည်။ အဆိုပါ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများအရ လိုင်စင်လျှောက်ထား ရယူလိုသူများအနေဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနသို့ ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်း လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံ ပြန်တမ်းတွင် လည်း ကောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝက်ဘ် ဆိုက်www.mcit.gov.mmတွင် လည်းကောင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဝက်ဘ်ဆိုက် တွင် လည်းကောင်း လွှင့်တင်ထားပေး မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၃၁)ဖြင့် ပြဌာန်းခဲ့ကြောင်း၊ အဆိုပါဆက်သွယ်ရေးဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများကို အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
No comments:
Post a Comment