MECTel မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းမှ ချင်းပြည်နယ် မတူပီမြို့နယ်ရှိ ဒေသခံ ပြည်သူများ ဆက်သွယ် မှု အဆင်ပြေစေရန် အတွက် CDMA 800 MHz Mobile SIM Card များကို ဖြန့်ဝေသွားမည်
ဝေးလံသော ဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ် မတူပီမြို့နယ်ရှိ ဒေသခံပြည်သူများဆက်သွယ်ရေးနှင့် နည်းပညာ အချက်အလက်များ အဆင်ပြေစေရန် အတွက် MECTel မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းမှ နှစ်လအတွင်း CDMA 800 MHz Mobile SIM Card များကို ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် MECTel မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းသည် ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်များသို့ ၎င်း SIM Cardများ ဖြန့်ဖြူးထားပြီး ဖြစ်ပြီး ယခုအခါတွင် မတူပီမြို့နယ်သို့ ဝန်ဆောင် မှု လုပ်ငန်း စတင် ဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါ MECTelမိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခုထက် ဆက်သွယ်မှု ပိုမိုကောင်း မွန်စေရန် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် Base Transceiver Stations (BTS)တာဝါတိုင်များ ထပ်မံစိုက်ထူ သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်
No comments:
Post a Comment