အီသီယိုးပီးယားမှာမွေးတဲ့ အပြေးမယ်က ဘရိန်းအတွက် မီတာ(၁၅၀၀) ရွှေဆု ရယူပေး

ဗုဒ္ဒဟူးနေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွမ်းမြို့မှာ ဆက်လက်ကျင်းပတဲ့ အာရှ အားကစားပွဲမှာ အီသီယိုး ပီးယားမှာမွေးသည့် အပြေးမယ် မာယန်းယူဆွတ်ဂျာမယ်က ဘရိန်းနိုင်ငံအတွက် မီတာ(၁၅၀၀) ရွှေဆုကို ရယူပေးခဲ့သည်။ သူက ဘာရိန်းနိုင်ငံသူအဖြစ် ၀င်ရောက် ယှဉ်ပြိုင်တာဖြစ်ပြီး သူ့ကို အားကစားနဲ့ ဘ၀ရပ်တည်ခွင့် ပေးတဲ့အတွက် ဘာရိန်းနိုင်ငံကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့သည်။
ဘာရိန်းနဲ့ ကာတာ အပါအ၀င် ရေနံနဲ့ ချမ်းသာကြွယ်ဝ တဲ့ ပင်လယ်ကွေ့ နိုင်ငံအတော်များများဟာ အာဖရိက လူငယ်အပြေးသမားတွေကို စုဆောင်းပြီး နေ့ချင်းညချင်း ဆိုသလို ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ အခုအင်ချွမ်း အာရှအားကစားပွဲရဲ့ အပြေးပြိုင်ပွဲ တွေမှာလည်း အာရှနိုင်ငံသား အဖြစ် ပြောင်းလဲ ခံယူထားတဲ့ အပြေး မောင်မယ်တွေက စိုးမိုး ထားပါတယ်။ အာရှအိုလံပစ် ကောင်စီရဲ့ ဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌ ဝေကျီကျုံက ပြည်တွင်း အားကစား သမားတွေကို မမွေးထုတ်ဘဲ အောင်မြင်မှုကို ၀ယ်ယူ နေကြတာဟာ ရေရှည်မှာ အန္တရာယ်ရှိတယ်လို့ သတိပေး ခဲ့ပါတယ်။ မီတာ(၁၅၀၀) ရွှေဆုရယူပေးခဲ့တဲ့ ဂျာမယ်ကတော့ "ပြေးခုန်ပစ်သမားအတွက်တော့ ဘယ်နိုင်ငံမှာ မွေးမွေး၊ ဘယ်နိုင်ငံသားပဲ ခံယူခံယူ ကွာခြားမှု မရှိပါဘူး"လို့ ပြောပါတယ်။ အသက်(၃၀) ရှိပြီဖြစ်တဲ့ အပြေးမယ် ဂျာမယ်ဟာ ဒီအာရှပွဲကနေ ဘရိန်းအတွက် မီတာ(၅၀၀၀) ရွှေဆုရယူဖို့လည်း မျှော်လင့်ထားကြောင်း သိရသည်။
No comments:
Post a Comment