Thursday, October 2, 2014

ချန်ပီယံလိဂ် ပွဲထွက်အများဆုံး ကစားသမား ဘာစီလိုနာမှ ဇာဗီ ဖြစ်လာ

ဘာစီလိုနာ− ပီအက်စ်ဂျီနှင့် ဘာစီလိုနာ ယှဉ်ပြိုင်ခဲ့သော ပွဲတွင် ပွဲထွက် ကစားခဲ့ပြီးနောက် ဇာဗီ သည် ချန်ပီယံလိဂ် ပွဲထွက် အများဆုံး ကစားသမား ဖြစ်လာသည်။

ဘာစီလိုနာ၏ ၂၀၁၄-၁၅ ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် အေပိုးအသင်းနှင့်ပွဲ၌ ပွဲထွက် ကစားခဲ့သည့် ဇာဗီသည် ရီးရဲလ်အသင်း တိုက်စစ်မှူး ဟောင်း  ရာအူးလ်နှင့် ချန်ပီယံလိဂ် ပွဲထွက် အရေအတွက် တူညီသွားခဲ့ပြီး ပီအက်စ်ဂျီနှင့် ကစားသည့်ပွဲတွင် ပွဲကစားချိန် ၆၉ မိနစ်၌ ပါဝင်ကစား ခဲ့ပြီးနောက် စံချိန်ချိုးဖျက်နိုင်ခဲ့ သည်။ 
ဇာဗီ(၃၄)နှစ်သည် ယခု အချိန်ထိ ချန်ပီယံလိဂ် ပွဲပေါင်း (၁၃၄) ပွဲ ကစား ထားသည်။ ဇာဗီ၏ ယင်းပွဲထွက် အရေအတွက် စုစုပေါင်း (၁၄၃)ကြိမ်တွင် အုပ်စုအဆင့်မတိုင်မီ ပါဝင်ကစားခဲ့သည့် ပွဲအရေအတွက် ပါဝင်မှုမရှိပေ။ အကယ်၍ ယင်းပွဲ အရေအတွက်ပါ ထည့်ပေါင်းပါက ချန်ပီယံလိဂ်တွင် ဇာဗီ ကစားထားသည့် ပွဲပေါင်း (၁၄၉)ပွဲ ရှိမည်ဖြစ်ကာ မကြာသေးမီက အနားယူ သွားသည့် မန်ယူ တောင်ပံကစားသမား ရွိုင်ယန်ဂစ် ပါဝင်ခဲ့သည့် ပွဲပေါင်း (၁၅၁)ပွဲထက် နှစ်ပွဲသာ လျော့ကြောင်း သိရသည်။

No comments:

Post a Comment

back to top