ယူရိုပါလိဂ်တွင် အာဆင်နယ်နှင့်ပွဲကဲ့သို့ ကစားရန် စပါးအသင်းခေါင်းဆောင်တိုက်တွန်း

ယူရိုပါလိဂ်ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် တူရကီနိုင်ငံမှ ဘီဆစ်တက် အသင်းကို အိမ်ရှင်အဖြစ် လက်ခံ ကစားရာ၌ ပြီးခဲ့သည့် စနေနေ့က အာဆင်နယ်နှင့် တစ်ဂိုးစီ သရေကျခဲ့သော ပွဲကဲ့သို့ အားထည့် ကစားကြရန် စပါးအသင်းခေါင်းဆောင် ယိုနက်စ်ကာဘိုးလ်က အသင်းသားများအား တိုက်တွန်းလိုက်သည်။
စပါးအသင်းသည် ရာသီအစတွင် ခြေစွမ်း ကောင်းခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ လိဂ်ဖလားပြိုင်ပွဲ ၌ နော်တင်ဟမ် ဖောရက်စ်ကို ၃-၁ ဂိုးဖြင့် နိုင်ခဲ့သော ပွဲမှ လွဲ၍ နောက်ဆုံး ခြောက်ပွဲတွင် အနိုင် မရရှိခဲ့ပ။ ပြီးခဲ့သည့် စနေနေ့ ပွဲတွင်မူ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး တစ်ဂိုးစီ သရေ ကျခဲ့သည်။ ယင်းပွဲတွင် မိမိတို့အနေဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှု ပြသခဲ့ပြီး ဘီဆစ်တက်နှင့် ပွဲတွင်လည်း ထိုကဲ့သို့ ကစားရန် ဘာဘိုးလ်က တိုက်တွန်းသည်။ ‘‘အာဆင်နယ်ပွဲက ပြီးသွားပါပြီ။ ကျွန်တော်တို့ ဘီဆစ်တက်နဲ့ ပွဲကို အာရုံစိုက် ရပါမယ်။ အာဆင်နယ်မှာ ကစားခဲ့သလို ကစားရင် ပြဿနာ မရှိနိုင်ပါဘူး။ အဲဒီလိုမျိုး ထပ်ကစားဖို့ လိုပါတယ်’’ဟု စပါးအသင်းခေါင်းဆောင်သစ်က အသင်းဖော် များအား တိုက်တွန်း ပြောကြားသည်။
No comments:
Post a Comment