Monday, October 27, 2014

ငှက်ဖျား တိုက်ဖျက်ရေး စီမံချက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ငဖဲမြို့နယ် Save the childern အဖွဲ့မှငှက်ဖျားတိုက် ဖျက်ရေး စီမံချက် ဆိုင်ရာ   သုံးလတစ်ကြိမ် ပြန်လည် သုံးသပ်ခြင်း   အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင်  ပဒါန်းကျေးရွာ ရွာလယ် ဓမ္မာရုံ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် စေတနာ့ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက် ပေးသူများ၏ ဆေးကုသမှု မှတ်တမ်းများအား သုံးသပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ရှင်းလင်းခြင်း၊ ငှက်ဖျားရောဂါ ရှာဖွေခြင်း၊ သွေးဖောက် စစ်ဆေးခြင်းအား ဆွေးနွေးခြင်း၊ ပြန်လည် သုံးသပ်ခြင်း စသည့် အကြောင်းအရာ များအား သင်တန်း ဆရာများ ဖြစ်သည့် မြို့နယ် Save the childern အဖွဲ့မှ ဒေါက်တာ ထိန်လင်းအောင်၊ ဦးအေး မင်းသန်း၊ ဦးထွန်းသူရနှင့် ကျေးလက် ကျန်းမာရေး ဆရာများက ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ သင်တန်းသား ၂ဝ ဦးအား စာရေးကိရိယာ များနှင့် စားစရိတ် အဖြစ် တစ်ဦး လျှင် ငွေကျပ် ၉၉၂ဝ နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း  သိရသည်။

No comments:

Post a Comment

back to top