Monday, October 27, 2014

လိုင်းပြေးဆွဲနေသော မော်တော်ယာဉ်များ အလုံးစုံ မော်တော် ယာဉ် အာမခံ ထားရှိစေရန် စည်းရုံး ဆောင် ရွက်မည်

မြန်မာနိုင်ငံ တစ်ဝန်းရှိ လမ်းမကြီးများတွင် ယာဉ်မတော်တဆမှု များကြောင့် ခရီးသည်များ သေကြေဒဏ်ရာ ရရှိခြင်းများ မော်တော်ယာဉ် ပျက်စီး ဆုံးရှုံးခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ထိုဆုံးရှုံးမှုများကို အာမခံ အကာအကွယ် ပေးနိုင်ရန် အတွက် ပြည်တွင်းရှိ ယာဉ်လိုင်းများတွင် ပြေး ဆွဲနေသော မော်တော်ယာဉ်များ အားလုံးကို အလုံးစုံ မော်တော်ယာဉ် အာမခံ မဖြစ်မနေ ထားရှိစေရန်  မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာ မထသ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စည်းရုံး ဆောင်ရွက်ခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့စီစဉ် ဆောင်ရွက်ရခြင်းမှာ  ယခုအခါ မော်တော်ယာဉ်များ အရေအတွက် တိုးမြင့်လာသည်နှင့် အမျှ ယာဉ်မတော် တဆ ဖြစ်မှု များပြား လာသောကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် လိုင်းပြေးဆွဲနေသော မော်တော်ယာဉ်များသည်  တစ်နှစ်တစ်ကြိမ် လိုင်စင် သက်တမ်း တိုး ပြုလုပ်ကြသောအခါ သူတစ်ပါး ထိခိုက်မှု အာမခံကိုသာ  ဝယ်ယူကြရပြီး အကယ်၍ အလုံးစုံ မော်တော်ယာဉ် အာမခံကို ဝယ်ယူထားပါက မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားလာသော အခါ ယာဉ်ပိုင်ရှင်များ ကိုယ်စား အာမခံ လုပ်ငန်းများမှ နေ၍ သေကြေ ဒဏ်ရာရရှိသော ခရီးသည်များကို လျှော်ကြေးပေးခြင်း၊  ကားပျက်စီး ဆုံးရှုံးမှုများ အတွက် လျှော်ကြေးပေးခြင်း စသည်ဖြင့် အကာအကွယ်ပေး ဆောင် ရွက်ပေးနိုင်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အလုံးစုံ အာမခံထားသော မော်တော်ယာဉ်များကို အာမခံ ကုမ္ပဏီများမှ နေ၍ ယာဉ်ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး သေချာစွာ စစ်ဆေး ကြည့်ရှုပြီး မှာသာ  အာမခံ ပရီမီယံကြေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top