Monday, October 27, 2014

ဒေသခံ တိုင်းရင်းသား ၈ဝဝ ဦးအား အခမဲ့ ဆေးဝါး ကုသပေး



ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန အနေဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်/ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်း၍ အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိရာယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့ ကော့ရင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဘားအံ ပြည်သူ့ဆေးရုံကြီးမှ အထူးကု သမားတော်ကြီးများနှင့် ဆရာဝန်ကြီးများ၊ သူနာပြုများသည် ပတ်ဝန်းကျင် ကျေးရွာတို့မှ တိုင်းရင်း သား ပြည်သူများအား အခမဲ့ဆေးဝါးကုသ ပေးကြသည်။

ဆေးဝါးကုသရာသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးချစ်လှိုင်၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ သွားရောက်အားပေးကာ မျက်စိ ဝေဒနာ ရှင်များကို မျက်မှန်များ တပ်ဆင်ပေး၍ သက်ကြီးရွယ်အို အဘိုးအဘွားများအား အာဟာရပြည့်ဝသော အစားအစာများနှင့် အလှူငွေများ လှူဒါန်းကြပြီး အထွေထွေရောဂါအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊  မျက်စိအထူး ကု၊ နားနှာခေါင်းလည်ချောင်း၊ အရိုးအကြောအဆစ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ စိတ်ရောဂါ၊ အရေပြား၊ သွားနှင့် ခံ တွင်း၊ တိုင်းရင်းဆေးစသည့် အထူးကု ဆရာဝန်ကြီးများက တိုင်းရင်းသားပြည်သူ ၈ဝဝ ဦးအား အခမဲ့ဆေးဝါး ကုသ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top