Friday, October 24, 2014

တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းရေး အခမ်းအနား သို့ တက်ရောက် ဖွင့်လှစ်ပေး
**********************************************************
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး ကျေးလက် မီးလင်းရေး အောင်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂ဝ ရက် နံနက် (၈) နာရီအချိန်တွင် အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ တိုင်းဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး လျှပ်စစ်/စက်မှုဝန်ကြီး ဦးဝင်းမြင့်မောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်း/ခရိုင်/မြို့နယ် ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း အင်အား (၁၂ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာ ဦးသာစိုးနှင့် ရေပုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလင်းထွန်း တို့မှ ကျေးလက်မီးလင်းရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ပိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ထို့နောက် လျှပ်စစ်/စက်မှု ဝန်ကြီး ဦးဝင်းမြင့်မောင်၊ စိုက်ပျိုးရေး/ မွေးမြူရေး ဝန်ကြီး ဦးအောင်နိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော် မတီဝင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ လျှပ်စစ်ဓါတ်အားလိုင်း ခလုတ်နှိပ်၍ မီးလင်းပေးကာ ကမ္ဗမော်ကွန်း ကျောက်စာအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လူငယ်များမှ ''အောင်မြင်ပါစေမြန်မာပြည်'' သီချင်းဖြင့် ဂုဏ်ပြုသီဆိုခြင်းများ သီဆိုခဲ့ကြပြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ရေပုတ်ကျေးရွာ အ.လ.က (ခွဲ)သို့ ဗလာစာအုပ် (၃၅)ဒါဇင်၊ ဘောလုံး(၃)လုံး၊ ခြင်းလုံး(၁)လုံး ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top