Friday, October 24, 2014

ဗဟိုကော်မတီဝင် မယ်စဲ့မြို့နယ် လူငယ်ဖိုရမ်ဖွင့်ပွဲ တက်ရောက်အားပေး
*****************************************************
ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ တောင်သူလယ်သမား၊ အလုပ် သမားနှင့် လူငယ်ဖိုရမ်ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာလ (၂၂)ရက် နံနက် (၈း၃၀) အချိန်က နန်းပိန်လိင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ တက်ရောက် အမှာ စကားပြောကြားခဲ့သည်။
ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ အမှာစကားပြောကြားစဉ်

ထို့နောက် ပြည်နယ်ကော်မတီဝင် ဦးတင်ဦးက ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းရေးကဏ္ဍများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ဘောလခဲခရိုင် အတွင်းရေးမှူး ဦးကျော်သန်း၊ မယ်စဲ့မြို့နယ်ကော်မတီဝင် ဒေါ်အေးအေးထွန်းတို့က ဖိုရမ်အလိုက် ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်တွင် ပြည်နယ်ကော်မတီဝင် ဦးအောင်ဆန်း (မယ်စဲ့မြို့နယ် တာဝန်ခံ)၊ ဦးကျော်မြင့်၊ ဦးအောင်ခင်၊ ဦးခင်မြင့်၊ ဦးမောင်မောင်၊ မယ်စဲ့မြို့နယ် ကော်မတီဝင် ဦးဝင်းမောင်၊ ဒေါ်တင်တင်နု၊ ဦးလောရင်း၊ ဦးဂျိုးဇက်၊ နန်းပိန်းလင်၊ မယ်ဆည်နမ်၊ နန်းဟူး၊ ကျောက်စုကျေးရွာတို့မှ စည်းရုံးရေးမှူး သင်တန်း သား/သူများ စုစုပေါင်း အင်အား (၆၀)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
ကယားလေး(လွိုင်ကော်)

No comments:

Post a Comment

back to top