Friday, October 24, 2014

ပြည်ခိုင်ဖြိုးပါတီမှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့ လာရေးခရီးမှ ပြန်လည်ရောက်ရှိ
***************************************************
တရုတ်-မြန်မာ နှစ်နိုင်ငံ ပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက် အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် အောက်တိုဘာ ၂၂ ရက် ညနေ ၁၁ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်သော ပြည်ခိုင်ဖြိုးပါတီမှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်


မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီကော်မတီဝင် နှင့် ခရိုင်ကော် မတီဝင် စုစုပေါင်း ၂၄ ဦးနှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင်တို့ အဖွဲ့ဝင်များအဖြစ် လိုက်ပါပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၊ ကွေ့ရောင်မြို့နှင့် ပေကျင်း မြို့များသို့ သွားရောက်၍ တရုတ်ကွန်မြူနစ်ပါတီ ကော်မတီအဆင့်ဆင့်၏ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှု၊ ပြည်သူကို ဗဟိုပြုဆောင်ရွက်မှု၊ အောက်ခြေရပ်ကွက်နှင့် အခြေခံပါတီ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှု၊ လယ်ယာ စိုက်ပျိုးရေး၊ ကျေးလက်ဒေသ လူမှုဖူလှုံရေး၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဆင့်ဆင့်၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တို့ကို လှည့်လည်ကြည့်ရှုလေ့လာပြီး ပေကျင်းမြို့၌ ကိန်းဝပ်စံပယ်တော်မှုသည့် ဗုဒ္ဓမြတ် စွယ်တော်ကို သွားရောက် ဖူးမြော်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top