ပေါ်တူဂီ မာစတာ ဂေါက်သီးရိုက် ပြိုင်ပွဲမှာ အလက်ဇန်းဒါးလဲဗီး အနိုင်ရ ဗိုလ်စွဲ

ပေါ်တူဂီနိုင်ငံ ဗီလာမိုရာမြို့မှာ ကျင်းပတဲ့ ပေါ်တူဂီမာစတာ ဂေါက်သီးရိုက် ပြိုင်ပွဲဟာ ရာသီဥတုဆိုးရွားလို့ တတိယနေ့နဲ့ စတုတ္ထနေ့တွေကို မပြိုင်ဘဲ ပြိုင်ပွဲကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ပါတယ်။ ချန်ပီယံဆုကိုလည်း ပထမနေ့နဲ့ ဒုတိယနေ့ နှစ်ရက်မှာ အကောင်းဆုံး ရိုက်နိုင်သူကို ချီးမြှင့်လိုက်ပါတယ်။
ဒါကြောင့် ပြင်သစ်ဂေါက်သီးသမား အလက်ဇန်းဒါးလဲဗီးက သတ်မှတ်ရိုက်ချက်ထက် (၁၈)ချက်လျော့နဲ့ ဗိုလ်စွဲသွားပါတယ်။ အသက်(၂၄)နှစ်ရှိ လဲဗီးဟာ ပထမနေ့မှာ (၆၃)ချက်နဲ့ ဒုတိယနေ့မှာ (၆၁)ချက်ရိုက်ပြီး နှစ်ရက်ပေါင်း (၁၂၄)ချက် ရိုက်ခဲ့ပါတယ်။ ဒီချန်ပီယံဆုဟာ လဲဗီးအတွက်တော့ ဒုတိယမြောက်ရတဲ့ ဥရောပတိုး ချန်ပီယံဆု ဖြစ်ပါတယ်။ သူဟာ ဧပြီလက တရုတ်အိုးပင်း ချန်ပီယံဆုကိုလည်း ရခဲ့ပါတယ်။ ဒုတိယဆုကိုတော့ ဘယ်ဂျီယံ ဂေါက်သီးသမား နီကိုလတ်ကိုဆတ်က (၆၀၊၆၇)ချက်၊ နှစ်ရက်ပေါင်း (၁၂၇)ချက်နဲ့ ရသွားပါတယ်။ တတိယဆုကိုတော့ ချီလီဂေါက်သီးသမား ဖီးလစ်အဂွီလာက (၆၅၊၆၄)ချက်၊ နှစ်ရက်ပေါင်း (၁၂၉)ချက်နဲ့ ရပါတယ်။
No comments:
Post a Comment