Tuesday, October 14, 2014

မဲဆန္ဒရှင်စာရင်း ၂၀၁၅ မေလတွင် အပြီးသတ်ဆောင်ရွက်မည်


ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင်မဲစာရင်း ပြုစုခြင်းကို လာမည့် နိုဝင်ဘာလ တွင် စတင် မည်ဖြစ်ကာ ၂၀၁၅ ခုနှစ် မေလ၌အပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိသည်။ တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်းကို အဆင့် သုံးဆင့်ခွဲခြားဆောင်ရွက် မည်ဖြစ်ပြီး ပထမ အဆင့်ကို ၂၀၁၄ နိုဝင်ဘာမှ ဇန်န၀ါရီအထိလည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ မတ်လ အထိလည်း ကောင်း၊ တတိယအဆင့်ကို ၂၀၁၅  ဖေဖော်ဝါရီမှ မေလ အထိလည်းကောင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

မဲစာရင်းပြုစုခြင်း ပထမအ ဆင့်တွင် မြို့နယ်ပေါင်း ၄၁ မြို့ နယ်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှ ၁၄ မြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီးမှ ၁၅ မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေမှ ခြောက်မြို့ နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ခြောက်မြို့နယ်ဖြစ်ပြီး ယင်းမြို့ နယ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး၊ ပြည်နယ်၊ နေပြည်တော် ကောင်စီရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် ညှိနှိုင်း ရွေးချယ်မည် ဖြစ်သည်။
မဲစာရင်းပြုစုခြင်း ပထမအဆင့်မှ ရရှိသော အတွေ့အကြုံများပေါ်မူတည်ပြီး ဒုတိယအဆင့်နှင့် တတိယ အဆင့်တွင် ဆောင်ရွက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဆက်လက်ရွေးချယ်သွားမည် ဖြစ်သည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိ ရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရှေ့ပြေးမဲစာရင်း ကောက်ယူ ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်၊ ချင်းပြည် နယ် တီးတိန်မြို့နယ်နှင့် ကချင် ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်များတွင် စမ်းသပ်ကောက်ယူခြင်းများကို အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ သည်။

No comments:

Post a Comment

back to top