Monday, October 27, 2014

ရွေးကောက်ပွဲနီးမှ ပြင်ဆင်ခြင်းထက် ယခုကာလမှ စတင်ကာ စည်းရုံးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်သွားရန် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် မှာကြား
*****************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစ၀်အောင်မြတ် တို့သည် အောက်တိုဘာ (၁၉) ရက် နေ့လည်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိ ကာ ပြည်နယ်ပါတီကော် မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ နှင့် တွေ့ဆုံကာ ပါတီ စည်းရုံးရေးဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။
 ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ရှမ်းမြောက် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ်

အဆိုပါ တွေ့ဆုံပွဲတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က ပြောကြားရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် လာမည့် ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် လူထုတွင်း စည်းရုံးရေး လုပ်ငန်းများဖြစ်သည့် Door to Door သွားရောက်ကာ လူထု လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ လူထုအသံများကို နားထောင် ခြင်းနှင့် လူထုနှင့် များများထိတွေ့ကာ အခက်အခဲများကို ဖြေရှင်းပေးခြင်းများ ဆောင်ရွက် သွားရန် လိုအပ်ပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလမရောက်မီ မိမိတို့ပါတီဝင်များသည် လူထုနှင့် (၄) ကြိမ်မှ (၈) ကြိမ်ထိ များများထိတွေ့သွားရန် လိုအပ် ပါကြောင်း၊ ပါတီဌာနချုပ်အနေဖြင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် ဆွေးနွေးပွဲများကို ရပ်/ကျေးအဆင့်ထိ ပြုလုပ်သွားရေး၊ ပါတီဝင်အင်အား တိုးတက်ရေး၊ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရေး၊ ရပ်/ကျေးအလိုက် စုစည်းမှုများ ပြုလုပ်သွားရေးတို့အတွက် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်နေခြင်းကို ထိထိရောက် ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပါတီစည်းရုံးရေးလုပ်ငန်း သည် ရွေးကောက်ပွဲနီးမှ လုပ်ရခြင်းမျိုးမဟုတ်ဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် လူထုနှင့် ထိတွေ့နေရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲနီးမှ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် ပါက အောင်မြင်မှုနှင့် အလှမ်းဝေးသွားနိုင်ကြောင်း၊ သို့ဖြစ်၍ ယခုကတည်းက ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာနယ်မြေများအလိုက် မိ၊ ကြား၊ ရန် (စိမ်း၊ ၀ါ၊ နီ) စီမံချက်များကို ရေးဆွဲသွားရန်နှင့် ကြားနေများကို မိမိတို့ပါတီအား ယုံကြည်သက်ဝင် လာရေးအတွက် ဒေသအလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အကျယ်တ၀င့် ဆွေးနွေးလမ်းညွှန်သွားပါသည်။
 ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ရှမ်းမြောက် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ်
၎င်းနောက် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစ၀်အောင်မြတ်မှ ပြည်နယ်ပါတီရုံးများအတွက် စည်းရုံးရေးရန်ပုံငွေများရရှိစေရန် ဖြည့်တင်း ထား ပေးမှုနှင့် ဒေသတွင်း နိုင်ငံရေး ပါတီနှင့် ရင်းနှီးခင်မင်စွာ နေထိုင်ရေးတို့ အတွက် မှာကြားခဲ့ပြီး ပြည်နယ်ပါတီကော်မတီဝင် ဦးအောင်စိုးမှ ပြန်လည်တင်ပြရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်းအနေဖြင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် ဆွေးနွေးပွဲများကို မြို့နယ် များအားလုံး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုရပ်/ကျေးအဆင့်ထိ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်းများကိုလည်း မြို့နယ် (၁၉) မြို့နယ်စလုံး ဖွင့်လှစ် ထားပြီး ဖြစ်ပါကြောင်း၊ ဒေသတွင်းလူမှုရေးအကူအညီပေးရေး (သာရေး၊ နာရေး) များကို ပြည်နယ် ပါတီကော်မတီဝင်များ ဦးစီးပြီး လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း ကိုယ်တိုင် ဦးစီးပြီး ကျေးလက်များသို့ အခမဲ့ ဆေးဝါးကုသမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါတီစည်းရုံးရေးလုပ်ငန်းများကို တွဲဖက် အထွေထွေအတွင်းရေးမှူး လမ်းညွှန်မှာကြားချက်များအတိုင်း အချိန်နှင့်အမျှ ဆောင်ရွက်နေပါကြောင်း တို့ကို ပြန်လည်ဆွေးနွေး တင်ပြခဲ့သည်။

No comments:

Post a Comment

back to top