Thursday, October 9, 2014

ယူကရိန်း အပစ်ရပ်ရေးကို စောင့်ကြည့်ရန် ဥရောပသမဂ္ဂ၏ မောင်းသူမဲ့ လေယာဉ်များ ရောက်ရှိ



ရုရှား ထောက်ခံသူတပ်ဖွဲ့နဲ့ ယူကရိန်း အစိုးရတို့ကြား အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့် လေ့လာဖို့ ဥရောပ သမဂ္ဂရဲ့ မောင်းသူမဲ့ လေယာဉ်တွေ ယူကရိန်းနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်သည်။ ဥရောပ တစ်ဝန်းလုံးဆိုင်ရာ လုံခြုံရေးအဖွဲ့က မောင်းသူမဲ့ လေယာဉ် (UAVs) (၄)စင်းကို ရုရှားနယ်စပ် တစ်လျှောက်က မတည်မငြိမ်ရှိလှတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ တပ်ချသွားမှာ ဖြစ်ကြောင်း ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကြီး (OSCE) ပြောခွင့်ရသူက ပြောကြားခဲ့ခြင်းဖြစ်သည်။
မောင်းသူမဲ့ ယာဉ်တွေကို အရပ်သား ကျွမ်းကျင် ပညာရှင် များက စီမံကိုင်တွယ်သွားမည်ဟု မျှော်လင့် ရကြောင်းနှင့် တရားဝင် ခွင့်ပြုချက် ရရှိရန် လုပ်ဆောင်နေကြောင်းကို ပြောခွင့်ရသူက ပြောကြားခဲ့ပြီး ၎င်းယာဉ်များသည် ယူကရိန်းနိုင်ငံ စောင့်ကြည့် လေ့လာရေး OSEC စီမံချက်ရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့လား (ဒါမှမဟုတ်) သီးခြားအနေနဲ့ ပျံသန်းသွားမလား ဆိုတာကို ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု Press TVသတင်းမှာ ဖော်ပြပါ ရှိပါသည်။

 

No comments:

Post a Comment

back to top