Wednesday, October 22, 2014

WTA ဗိုလ်လုပွဲစဉ်မှာ အီဗာနိုဗစ်ကို ဆီရီနာဝီလျံ အနိုင်ရရှိ


စင်ကာပူမှာ တနင်္လာနေ့က စတင်ကျင်းပတဲ့ WTAဗိုလ်လုပွဲစဉ်မှာ ကမ္ဘာ့နံပါတ်(၁) အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံက ဆားဘီးယား တင်းနစ်မယ် အီဗာနိုဗစ်ကို (၆း၎၊၆း၎)နဲ့ အနိုင်ရသွားသည်။
ဆီရီနာဟာ ကမ္ဘာ့နံပါတ်(၇) အီဗာနိုဗစ်နဲ့ (၉)ကြိမ်မြောက် တွေ့ဆုံယှဉ်ပြိုင်တာဖြစ်ပြီး အခုပွဲက ဆီရီနာ(၈)ပွဲမြောက် အနိုင်ရတာ ဖြစ်ပါသည်။ ဒီပြိုင်ပွဲက ထိပ်တန်း အဆင့် အမျိုးသမီး(၈)ဦးသာ ပြိုင်ရတဲ့ ရာသီပိတ်ပြိုင်ပွဲဖြစ်ပြီး အုပ်စု(၂)အုပ်စုနဲ့ အုပ်စုပတ်လည်ပွဲတွေ ကစားကြပါသည်။ အုပ်စုတစ်ခုစီက (၂)ဦးစီ ဆီမီးဖိုင်နယ် တက်ရောက်ပြီး အဲဒီကမှ အနိုင်ရသူတွေ နောက်ဆုံးဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါသည်။ ဒီနှစ် စင်ကာပူပြိုင်ပွဲရဲ့ အနီရောင်အုပ်စုမှာ ဆီရီနာဝီလျံ၊ ရိုမေးနီးယား တင်းနစ်မယ် ဆီမိုနာဟာလက်၊ ကနေဒါတင်းနစ်မယ် ဘိုချတ်နဲ့ အီဗာနိုဗစ်တို့ ပါဝင်သည်။ အဖြူရောင် အုပ်စုမှာတော့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာ၊ ချက်တင်းနစ်မယ် ပီထရာဗီတိုဗာ၊ ပိုလန်တင်းနစ်မယ် ရက်ဝန်စကာနဲ့ ဒိန်းမတ်တင်းနစ်မယ် ၀ို့ဇ်နီယာစကီးတို့ ပါဝင်သည်။

No comments:

Post a Comment

back to top