ရော်နယ်ဒိုကို မလှောင်ပြောင်ရန် လီဗာပူးပရိသတ်များကို သတိပေး

ယနေ့ညဥ့်နက်ပိုင်းတွင် ကစားမည့် လီဗာပူးနှင့် ချန်ပီယံ လိဂ်ပွဲ၌ အိမ်ရှင်လီဗာပူး ပရိသတ်များအနေဖြင့် မိမိတို့အသင်းမှ တိုက်စစ်မှူး ရော်နယ်ဒိုအား လှောင်ပြောင် အော်ဟစ်ခြင်း မပြုရန် ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက သတိပေး ပြောကြား လိုက်သည်။
လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် ရော်နယ်ဒို ကစားခဲ့ဖူးသည့် မန်ယူနှင့် ပြိုင်ဘက်အသင်းဖြစ်နေပြီး ရော်နယ်ဒိုမှာလည်း ယခင် လီဗာပူးနှင့် ဆုံတွေ့မှုငါးကြိမ်တွင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။ သို့သော် ထိုအချက်ကို အန်ဆယ်လော့တီက ပယ်ချပြီး ရော်နယ်ဒိုမှာ ကြိုးစားကစားရန် အမြဲတက်ကြွ နေသူဖြစ်ကြောင်း ပြော ကြားသည်။ ‘‘လီဗာပူးနဲ့ တွေ့ရလို့ ဆိုပြီး သူ့ဘက်က စိတ်မတက်ကြွဘဲ ကြောက်နေမှာမဟုတ်ပါဘူး။ ခရစ်စတီယာနိုက အမြဲပဲ တက် ကြွနေတာပါ။ တကယ်လို့ ကွင်းထဲက အခြေအနေက သူ့ကိုရန် လိုနေရင် ပိုပြီးတော့တောင် တက်ကြွလာနိုင်ပါတယ်’’ ဟု အန် ဆယ်လော့တီက လီဗာပူး ပရိ သတ်များကို ရည်ညွှန်းသတိပေး သည်။ အန်ဆယ်လော့တီသည် ရိုးမားကစားသမားဘဝကလည်း လီဗာပူးကို ဥရောပဖလား ဗိုလ်လုပွဲတွင် ရှုံးခဲ့ဖူးပြီး အေစီမီလန်ကို နည်းပြအဖြစ် ကိုင်တွယ်စဉ် ၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လည်း ရှုံးနိမ့်ခဲ့ရာ ထိုအသင်းနှင့် တွေ့ဆုံ ရမည့်ပွဲမှာ စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း ပြောကြားသည်။
No comments:
Post a Comment