Thursday, October 30, 2014

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ e-Visa စနစ်ကို နိုဝင်ဘာ ၁ ရက်တွင် စတင် အသုံးပြု သွားမည်

e-Visa စနစ်ကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုဝင်ဘာ ၁ ရက် တွင် စတင်အသုံးပြုသွား မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနမှ သိရသည်။
အဆိုပါ လေဆိပ်၌ နိုဝင်ဘာ ၁ ရက်တွင် e-Visa ကို စတင်ခွင့်ပြုမည် ဖြစ်ရာ လက်ရှိခွင့်ပြု ပေးထားသည့် နိုင်ငံများအပြင် ထပ်မံခွင့်ပြုသင့် သည့် နိုင်ငံ များကို တင်ပြရန် ခရီးသွား လုပ်ငန်းရှင်များထံသို့ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ အကြောင်းကြား ထားကြောင်း သိရသည်။ အဆိုပါ  e-Visa  စနစ်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ ၁ရက်က နိုင်ငံပေါင်း ၄၁ နိုင်ငံကို စတင် ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး အောက် တိုဘာ ၂ ရက်တွင် ၂၄ နိုင်ငံကို ထပ်မံ ခွင့်ပြုခဲ့သည်။
e-Visa စနစ်ကို စတင် အသုံးပြုသည့် လတွင် အမေရိကန် လူမျိုးများ အများဆုံး ဝင်ရောက်ခဲ့ကြောင်း သိရပြီး e-Visa စနစ်ကို ယခုအခါ  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သာမက မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်၌လည်း ခွင့်ပြုပေးသွားမည့် အပြင် နယ်စပ်ဝင်ပေါက် များတွင်လည်း အကောင် အထည်ဖော် ဆောင် ရွက် သွားမည်ဖြစ်သည်။ 

No comments:

Post a Comment

back to top