နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် The AOMG 2014 United States Tour ၌ AOMG အဖွဲ့ဝင်အဖြစ် ပါဝင်သွားမည့် Jay Park
ဟစ်ဟော့ပ်အဆိုတော် Jay Park သည် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် The AOMG 2014 United States Tour အစီအစဉ်၌ AOMG အဖွဲ့ဝင်အဖြစ် တက်ရောက်ပါဝင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Jay Park နှင့်အတူ Gray၊ Simon D တို့အပြင် AOMG ၏ နာမည်ကျော် DJ Pumkin လည်း ပါဝင်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားအား လာမည့် နိုဝင်ဘာလ (၁၄) ရက်နေ့၌ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်ရှိ The Belasco Theater၊ နိုဝင်ဘာလ (၁၅) ရက်နေ့၌ နယူးယောက်ရှိ Stage 48၊ နိုဝင်ဘာလ (၂၀) ရက်နေ့၌ ၀ါရှင်တန်ဒီစီရှိ Echostage တို့တွင် အသီးသီးကျင်းပသွားမည်ဖြစ်သည်။
လက်မှတ်များအား တစ်စောင်လျှင် ဒေါ်လာ (၄၀) မှ ဒေါ်လာ (၂၇၅) ထိ အတန်းအစားခွဲသတ်မှတ်ထားပြီး ယင်း Tour အား စီစဉ်တင်ဆက်သူများ ၀က်ဘ်ဆိုဒ်မှတဆင့်လည်း ၀ယ်ယူနိုင်ကြောင်းသိရှိရသည်။

No comments:
Post a Comment