ရုပ်ရှင်နဲ့ ဂီတကိုမျှအောင် လုပ်သွားမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် မိုးရာသီဂီတဆု ပေးပွဲတွင် ပရိသတ်အချစ်ဆုံးဆု I Love Artist (Male)ကို ရရှိ ခဲ့သည့် သရုပ်ဆောင်၊ တေးသံ ရှင် စိုင်းစိုင်းခမ်းလှိုင်သည် လျှောက်လှမ်းရဦးမည့် အနုပညာ လမ်းကြောင်းတွင် သရုပ်ဆောင် အလုပ်နှင့် တေးသီချင်းသီဆိုမှု များကို မျှတအောင် လုပ်သွား တော့မည်ဟု ဆိုသည်။
‘‘ဂီတနဲ့ပတ်သက်လို့ လက်ရှိ မှာတော့ ဒိတ်ဒိတ်ကြဲ MTV အရင်ထွက်မှာဖြစ်ပြီးတော့ ၂၀၁၅ ထဲမှာတော့ အယ်လ်ဘမ် အသစ် ထွက်နိုင်အောင် စီစဉ်သွားမှာပါ။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်နဲ့ ဂီတကိုမျှအောင် လုပ်သွားမှာ ပါ’’ဟု စိုင်းစိုင်းခမ်းလှိုင်ကပြော သည်။ ဇာတ်ကားရိုက်ကူးမှုအနေ ဖြင့် ဒါရိုက်တာနေပိုင် ရိုက်ကူး သည့် ‘ဗွေ’ ဇာတ်ကားထဲတွင် ခပ် မိုက်မိုက် လူငယ်တစ်ယောက် ပုံစံရိုက်ကူးနေသည်ဟု ၎င်းက ပြောသည်။ သရုပ်ဆောင်၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဗဟုသုတ ပိုင်း၊ အနုပညာပိုင်းနှင့်ပတ်သက် ၍ ၀ါရင့်အနုပညာရှင်များသာမက လက်ရှိမျိုးဆက်သစ် လူငယ်အနု ပညာရှင်များ၏ ပရိသတ်တစ် ယောက်ဖြစ်ကြောင်း၊ လေ့လာ စရာများရှိလျှင် မည်သူ့ထံတွင် မဆိုလေ့လာမည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။ မိုးရာသီ ဂီတဆုပေးပွဲကို အောက်တိုဘာ ၁၈ ရက်ညက Myanmar Event Park တွင် ပြု လုပ်ခဲ့သည်။

No comments:
Post a Comment