Monday, October 20, 2014

ဟောင်ဂျင်ယောင်၏ တေးသီချင်းသစ်ကို မကြာမီ ဖြန့်ချိသွားမည်



တေးသီချင်း အေးအေးလေးများဖြင့် ကျော်ကြားသည့် တောင်ကိုရီးယားအဆိုတော် ဟောင်ဂျင်ယောင်သည် နိုဝင်ဘာလ၏ ပထမရက်သတ္တပတ်၌ တေးသီချင်းသစ် ဖြန့်ချိနိုင်ရန် စီစဉ်လျက်ရှိကြောင်း Musick အနုပညာအေဂျင်စီက My Daily သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။
ဟောင်ဂျင်ယောင်၏ Love's Battery တေးသီချင်းနှင့် Boogie Man တေးသီချင်းတို့သည် ပရိသတ်များ၏ စိတ်အာရုံကို အထူး ဖမ်းစားနိုင်သည့် တေးသီ ချင်းကောင်း များ ဖြစ်သည်။
Musick အနုပညာအေဂျင်စီက ဟောင်ဂျင်ယောင်၏ တေးသီချင်းသစ် အမည်ကို ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးသော်လည်း အဆိုပါတေးသီချင်း သည် ဆောင်းဦး ရာသီနှင့် အလွန် လိုက်ဖက်သည့် တေးသီချင်းအေး တစ်ပုဒ်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားထားသည်။
အဆိုတော် ဟောင်ဂျင်ယောင်သည် လက်ရှိတွင် MBC ရုပ်သံမှ ရိုက်ကူး ထုတ်လွှင့်သည့် We Got Married တင်ဆက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top