Monday, October 27, 2014

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ အသက် ၁၂ နှစ်အောက် ကလေးများကို သင်ကြား ပေးနိုင်မည့် နည်းပြဆရာ၊ ဆရာမ သင်တန်း ပို့ချ ပေးသွားမည်


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) တို့ ပူးပေါင်း၍ အသက် ၁၂ နှစ်အောက် ကလေးများအား  ဘောလုံး အားကစားကို အခြေခံ၍ ကျန်းမာရေး အသိပညာများ ပို့ချပေး နိုင်မည့် နည်းပြဆရာ၊  ဆရာမ သင်တန်း (FIFA 11 FOR HEALTH TRAINING Course 1/2014) ကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရုံး  အစည်းအဝေး ခန်းမ၌  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ ဖွင့်လှစ် သင်ကြားပေးမဲ့ သင်တန်းတွေ အများကြီးရှိ နေပေမဲ့ ဘောလုံး ပြိုင်ပွဲတွေ စီစဉ်ကျင်းပ နေရတာနဲ့ မအားဘဲ သင်တန်း ဖွင့်လှစ်နိုင်မှုတွေ အားနည်းခဲ့ ရပါ တယ်။  ဒါပေမဲ့လည်း အစောပိုင်းတွေမှာတော့   နည်းပြဆရာ သင်တန်းတွေ၊ အုပ်ချုပ်မှု သင်တန်းတွေ၊ အခြား သော သင်တန်းတွေကို ဖွင့်လှစ် ပေးနိုင်ခဲ့ပြီး ဖြစ်သလို အခုလည်း ကမ္ဘာ့ အသိအမှတ်ပြု သင်တန်း တွေကို ဆက်လက် ပို့ချပေးသွားမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စီမံ ဒါရိုက်တာနှင့် မီဒီယာ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြန်မာ့ ဘောလုံးလောက  တစ်ခေတ်ပြန်လည် နိုးထ လာနိုင်စေရန် အတွက်  စတင် တည်ထောင်ချိန်မှ စတင်၍စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်လျက် ရှိရာ  ဘောလုံး အားကစားနည်းတွင် အရေးပါလှသည့်   အခြားသော အုပ်ချုပ်မှုပိုင်း၊ နည်းစနစ်ပိုင်း၊ လုံခြုံရေးပိုင်း များစွာ တို့ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အာရှဘောလုံး အဖွဲ့ချုပ်တို့နှင့် ပူးပေါင်း၍ သင်တန်းများကို  လစဉ် စဉ်ဆက် မပြတ် ပို့ချပေးလျက် ရှိနေရာ  လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၁/၂ဝ၁၄ ဘောလုံး ဒိုင်လူကြီး သင်တန်းကို  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ထပ်မံပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top