Tuesday, October 28, 2014

နိုင်ငံတကာရုပ်ရှင် အမွေအနှစ်ပွဲတော် တွင် မြန်မာအပါအဝင် ခြောက်နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများ အခမဲ့ပြသမည်
မြန်မာ နိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် ''နိုင်ငံတကာ ရုပ်ရှင်အမွေ အနှစ် ပွဲတော်''ကြီးတွင် မြန်မာနိုင်ငံ အပါ အဝင်နိုင်ငံခြောက် နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများအား အခမဲ့ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ''နိုင်ငံတကာရုပ်ရှင် အ မွေအနှစ်ပွဲတော်''ကြီးအား အောက် တိုဘာ ၂၈ရက်မှ နိုဝင်ဘာ၂ရက် ထိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသသွားမည်ဖြစ်ပြီး ယင်းရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရန်အတွက် ပြင် သစ်သံရုံး (ယဉ်ကျေးမှုဌာန)မှ စီစဉ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
''ဒီပွဲကတော့မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ပထမဦးဆုံး ရုပ်ရှင်ပွဲတော်ပါ။ နိုင်ငံငါးနိုင်ငံက ဇာတ်ကားတွေ လဲပါတယ်။ မြန်မာနိုင်ငံက ဇာတ် ကားတစ်ကားလဲပါတဲ့အတွက် ပိုပြီး တော့ စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်မှာပြသမယ့်ရုပ်ရှင် ဇာတ် ကားတွေအားလုံးက အခုခေတ် ဇာတ်ကားတွေမဟုတ်ဘဲ ၁၉ဝဝခုနှစ် အကျော်က ဇာတ်ကားတွေကြီးပါပဲ''ဟုပြင်သစ်သံရုံး(ယဉ်ကျေးမှုဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော်''တွင်ဝင်ရောက်ပြသမည့်နိုင်ငံများမှာ မြန်မာနိုင်ငံ၊ အမေရိကန် နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်္ဂ လန်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံ စသည့် ခြောက်နိုင်ငံမှ ရုပ်ရှင်ဇာတ် ကား ကိုးကားတို့အားပြသသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းရုပ်ရှင်ပွဲတော်တွင်ပြသ မည့် ဇာတ်ကားများမှာ- ၁၉၂၈ခုနှစ် တွင် အမေရိကန်နိုင်ငံမှ ရိုက်ကူးပုံ ဖော်ထားသည့် ''ဆက်ကပ်အဖွဲ့'' အမည်ရှိ ရုပ်ရှင်ဇာတ်ကား၊ ၁၉၆၅ခုနှစ် တွင် မွန်ဂိုလီးယားနိုင်ငံမှ ရိုက်ကူးပုံ ဖော်ထားသည့် ''ရာထူးမတက်ခင်'' အမည်ရှိ ရုပ်ရှင် ဇာတ်ကား၊ ၁၉၅၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ရိုက်ကူး ပုံဖော်ထားသည် ''အမျိုးသမီးလူသတ် သမားများ'' အမည်ရှိရုပ်ရှင်ဇာတ် ကား၊ ၁၉၅၉ ခုနှစ်တွင် ဂျပန်နိုင်ငံမှရိုက်ကူးပုံဖော်ထားသည့် ''မင်္ဂလာနံနက် ခင်း'' အမည်ရှိ ရုပ်ရှင်ဇာတ်ကား၊ ၁၉၂၃ခုနှစ်တွင် အမေ ရိကန်နိုင်ငံ မှ ရိုက်ကူးထားသည် ''လုံခြုံရေးဟာ နောက်ဆုံးပဲ'' ရုပ်ရှင် ဇာတ်ကား၊ ၁၉၆၇ခုနှစ်တွင် ပြင်သစ်နိုင်ငံမှရိုက် ကူးပုံဖော်ထား သည့် ''ကစားချိန်'' အမည်ရှိရုပ်ရှင် ဇာတ်ကား၊ ၁၉၂၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှရိုက်ကူး ပုံဖော်ထားသည့် ''ဗိုလ်ချုပ်'' အမည် ရှိ ရုပ်ရှင် ဇာတ်ကား၊ ၁၉၆၂ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ ရိုက်ကူးထားသည့် ''ပျော်ရွှင်ဖွယ်နှစ်ပတ်လည်နေ့'' ရုပ်ရှင် ဇာတ်ကားနှင့် မြန်မာ ဂန္ထဝင် ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည် အသံ တိတ်ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည့် ''ပျို့ချစ်လင်'' ရုပ်ရှင် ဇာတ်ကား တို့အား ပြသသွား မည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment

back to top