Monday, October 27, 2014

အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပွဲနှင့် ပညာရည် ချွန်ဆုပေးပွဲတွင် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလှူငွေပေးအပ်
***********************************************
ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်တဲရပ်ကွက် ဖိုးဒေ၀ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပွဲကို အောက်တို ဘာလ ၂၄ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်း ဆိုင်းဘုတ်ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စော၊ ရပ်မိရပ်ဖ ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဖိုးဒေ၀ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပွဲနှင့် ပညာရည်ချွန်ဆုပေး  ပွဲကျင်းပစဉ်


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စော၊ မြို့နယ်အထောက်အကူပြု ဥက္ကဋ္ဌ ဦးလှရွှေတို့က အမှာစကား ပြောကြား၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထွေးက ကျောင်းလုပ် ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖ ဦးမြင့်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ သတ္တမတန်းကျောင်းသားကျောင်းသူလေးများက “စည်းရုံးညီညွတ်ခြင်းအတွက် သီးချင်း တစ်ပုဒ်” ဖြင့် သီဆိုဖျော်ဖြေပြီး ကင်းထောက်မောင်မယ်များက “အစဉ်အသင့်” သီချင်း၊ သီဆိုဖျော်ဖြေကြ၍ ကြိုးချည်နည်း၊ ရှေးဦးသူနာပြု ပတ်တီးစည်းနည်း၊ အလံရိုက်နည်းတို့ကို တင်ဆက်ပြသကြကာ ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဂူအောင်က အလှူရှင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးစိန်သန်းက ကျောင်းသုံးပရိဘောဂ ၀ယ်ယူရန် ငွေကျပ်သုံးသောင်းပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းထွေးက လက်ခံရယူပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရည်ချွန်ဆုများ ပေးအပ်ကြသည်။ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုများ ပေးအပ်ကြရာ ကျောင်းသားကျောင်းသူများက အသီးသီး လက်ခံယူကြကြောင်း သိရသည်။

No comments:

Post a Comment

back to top