Tuesday, October 7, 2014

ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားဘဏ်များ အနေဖြင့်ပြည်တွင်း လုပ်ငန်းရှင်များကို ငွေချေးမည် ဆိုပါက ပြည်တွင်း ဘဏ်များမှ တစ်ဆင့် ချေးငွေ ထုတ်ပေးနိုင်

မြန်မာနိုင်ငံ၌  ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့်  နိုင်ငံခြားဘဏ်များ အနေဖြင့်  ပြည်တွင်း လုပ်ငန်းရှင်များအား ငွေချေးမည် ဆိုပါက  ပြည်တွင်းဘဏ်များမှ တစ်ဆင့်  ချေးငွေထုတ်ပေးနိုင်ပြီး ယင်းသို့ ထုတ်ပေး နိုင်ရန်အတွက်  ပြည်တွင်း ဘဏ်များနှင့် ပူးတွဲ လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထား ကြောင်း သိရသည်။

ယင်းသို့  နိုင်ငံခြား ဘဏ်များမှ ပြည်တွင်းဘဏ်များသို့ နိုင်ငံခြား ငွေကြေးဖြင့် ချေးမည့် အတိုးနှုန်း အပေါ်တွင် ဗဟိုဘဏ်မှ သတ်မှတ် ထားခြင်း မရှိဘဲ နှစ်ဦးသဘော တူညီမှုရှိသည့် နှုန်းထားတစ်ခု အဖြစ် သတ်မှတ်ရန်  ဆောင်ရွက်ခွင့် ပေး ထားခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားဘဏ်များ အနေဖြင့် ပြည်တွင်းဘဏ်များမှ တစ်ဆင့် နိုင်ငံခြား လုပ်ငန်းများကိုလည်း မြန်မာငွေကျပ်ဖြင့် ထုတ်ချေးနိုင်ရာ ထုတ်ချေးမည့် အတိုးနှုန်းကို ၁ဝ ရာခိုင်နှုန်းမှ  ၁၃ ရာခိုင်နှုန်းအကြား တရားဝင် သတ်မှတ် ထားကြောင်း သိရသည်။
''အခု လုပ်ငန်း လုပ်ကိုင်ခွင့်ရမယ့် ဘဏ်ကိုးခု အနေနဲ့ ပြည်တွင်းဘဏ်တွေကို ချေးငွေပမာဏပေါ် မူတည်ပြီး နိုင်ငံတကာ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာ အတိုးနှုန်းနဲ့   သတ်မှတ် ထုတ်ချေးနိုင်ပါ  တယ်''  ဟု အောက်တိုဘာ ၁ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ဗဟိုဘဏ် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။
အဆိုပါ  နိုင်ငံခြားဘဏ်များ အနေဖြင့် မြန်မာနိုင်ငံအတွင်း   ဘဏ်ခွဲတစ်ခုသာ ထူထောင်ခွင့် ပြုထားသည်။ နိုင်ငံခြားဘဏ်များသည် လက်လီဘဏ် လုပ်ငန်းတွင် ပါဝင်ခွင့် မရှိသကဲ့သို့ အနည်းဆုံး ပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၇၅ သန်းအထိ ရင်းနှီး မြှုပ်နှံရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌  နိုင်ငံခြားဘဏ် လုပ်ငန်းကိုးခုကို အောက်တိုဘာ ၁ ရက်တွင် ဗဟိုဘဏ်က လုပ်ကိုင်ခွင့်ပြု လိုက်ပြီး ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top