International Relations and Comparative Politics ဘွဲ့လွန် ဒီပ လိုမာ သင် တန်း ဖွင့် လှစ် မည်
ရန်ကုန်တက္ကသိုလ်ရှိ International Center of Excellence မှ International Relations and Compar-ative Politics ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့် လှစ်သွား မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုInternational Center of Excellence (ICOE) မှ ရန်ကုန်တက္ကသိုလ်နှင့် အမေရိကန် နိုင်ငံJohns Hopkins University School of Advanced International Studies တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိသူများ လျှောက်ထား တက်ရောက်နိုင် မည်ဖြစ်သည်။သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရန်ကုန် တက္ကသိုလ် သိပံ္ပဆောင်၌ ဖြည့်စွက်ရန် ပုံစံများကို ထုတ်ယူကာ အောက်တိုဘာ ၁၇ ရက်ထက် နောက်မကျဘဲ လျှောက်လွှာများကို ဓာတ်ပုံ နှစ်ပုံ နှင့်တကွ သိပံ္ပဆောင်ရှိ International Center of Excellence သို့ ပေးပို့ရမည် ဖြစ်သည်။
အဆိုပါဝင်ခွင့် စာမေးပွဲကို အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်တက္ကသိုလ်ဝင်း သိပံ္ပဆောင် ကမာရွတ် မြို့နယ် International Center of Excellence ၌ ကျင်းပ သွားမည်ဖြစ်ကာ နှုတ်ဖြေကို အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။သင်တန်းကာလမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ မှ ၂ဝ၁၅ ခုနှစ် စက်တင်ဘာအထိ အချိန်ပြည့် သင်တန်း ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ရန်ကုန်တက္ကသိုလ် မှ ချီးမြှင့်မည့် ဒီပလိုမာဘွဲ့ကို ရရှိမည်ဖြစ်သည်။ အဆိုပါသင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက International Center of Excellence at Yangon University ရန်ကုန်တက္ကသိုလ် ဝင်း သိပံ္ပဆောင် ဖုန်း-ဝ၉- ၅၁၄၇၃ဝ၂၊ ဝ၉- ၄၂၁၇၄၇၃၂၂ နှင့် ဝ၉- ၄၂ဝ၁၁၃၆၉၃ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment