Thursday, October 30, 2014

စီးပွားရေးလုပ်ရန် အကောင်းဆုံးနိုင်ငံစာရင်းတွင် စင်ကာပူ နိုင်ငံ ထပ်ဆုံး၌ရပ်တည်

ကမ္ဘာ့ဘဏ်၏နှစ်ပတ်လည် လေ့လာမှုစစ်တမ်းအရ စီးပွားရေးလုပ်ရန် အကောင်းဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူသည် ထိပ်ဆုံး၌ ကိုးနှစ်က်တိုက် ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရသည်။ နယူးဇီလန်သည် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ပြီး ဟောင်ကောင်က တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ မည်သည့်စီးပွားရေး လုပ်ငန်းစုများ ၀င်ရောက်လုပ်ကိုင်နေသည်ကို နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် လေ့လာကာ အဆိုပါ စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ အဆိုပါစစ်တမ်းတွင် အောက်ပိုင်း၌ တောင်ဆူဒန် ဗဟိုအာဖရိက ရီပက်ဗလစ်နှင့် လစ်ဗျားတို့ ရပ်တည်နေပြီး အောက်ဆုံး တွင် အီရီထွီယာနိုင်ငံပါဝင်သော အဆိုပါစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၁၇၇ ၌ ရပ်တည်နေသည်ကိုလည်း တွေ့ရသည်။
ကမ္ဘာ့ဘဏ်သည် ယခုစစ်တမ်းကို စီးပွားရေးလုပ်ငန်းများ အခြေခံခြင်းနှင့် ပိတ်သိမ်းခြင်းများတွင် အချိန် မည်မျှယူရခြင်း၊ တည်ဆောက် ရေးလုပ်ငန်းများအတွက် ခွင့်ပြုချက်ရယူခြင်းနှင့် အခွန်ပေးဆောင်ရခြင်းများ အပေါ်တွင်လည်း အခြေခံတွက်ချက်ထားကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်သည် အဆိုပါ စစ်တမ်းကို ၂၀၁၄ ခုနှစ် စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်စာရင်းဝင် နိုင်ငံများ၏ ဒုတိယအကြီးမားဆုံး စီးပွားရေး မြို့တော်များကိုပါ တိုးချဲ့လေ့လာခဲ့ကြောင်း၊ အဆိုပါတိုးချဲ့မှုတွင် လုပ်သားအင်အား သန်း ၁၀၀ ကျော်ပါဝင်နေကြောင်း သိရသည်။ ယခုနှစ်ထပ်တိုးလေ့လာမှုကြောင့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် အပြောင်းအလဲများကို မြင်တွေ့ ခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အဆင့် သုံးဆင့်တက်လာခဲ့ပြီး အဆင့် ၉၀ သို့ ရောက်ရှိလာသည်ကို တွေ့ရကာ ဂျပန်သည် နှစ်ဆင့်လျော့ကျပြီး အဆင့် ၂၉ သို့ ရောက်ရှိသွားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ လေ့လာချက်အရ ဆာဟာရဒေသရှိ အာဖရိက နိုင်ငံများသည် အတိုးတက်ဆုံးနိုင်ငံများ ဖြစ်ခဲ့ပြီး ဇယားအောက်ဆုံးမှ ရုန်းထါက်နိုင်ခဲ့ကြသည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် အာဖရိက ၃၉ နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးခြင်းနှင့် ခွင့်ပြုချက်ရရန် ငွေကြေးအပိုပေးဆောင်ရခြင်းများကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top