Thursday, October 30, 2014

တရုတ်နှင့်အာဖဂန်လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်



တရုတ်နှင့်အာဖဂန် နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်သဘောတူညီခဲ့ပြီးနောက် တရုတ် အစိုးရသည် Uygur (၀ီဂါ) ခွဲထွက်ရေးသမားတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် ပြင်ဆင်နေပြီ ဖြစသည်။ တရုတ်သမ္မတ ရှီကျင်းပင်သည် အာဖဂန် သမ္မတ Ashraf Ghani (အာရှရတ်ဖ်ဂန်နီ)နှင့် ပေကျင်းမြို့မှာတွေ့ဆုံခဲ့ပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။
၎င်းထုတ် ပြန်ချက်မှာ အာဖဂန်နှင့် နယ်စပ်ခြင်း ထိကပ်နေတဲ့ Xinjiang Uygur (ရှင်ကျန်းဝီဂါ) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွက် လွတ်လပ်ရေး တောင်းဆိုနေသည့် ခွဲထွက်ရေးသမားများကို နှိမ်နင်းရေးလည်း ပါဝင်ကြောင်း ဒါ့အပြင် တရုတ် အစိုးရက အာဖဂန်အစိုးရကို (၂၀၁၅) ခုနှစ်မှ စတင်ကာ သုံးနှစ်ကြာကာလ အတွက် ဒေါ်လာ သန်း(၂၄၀)ခန့်ကိုလည်း အကူအညီ ပေးသွား မည်ဖြစ်ကြောင်း တရုတ်ကုမ္ပဏီတွေကလည်း အာဖဂန်၏ ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှပ်နှံ သွားမှာမည်ဟု သိရှိရပါသည်။ အာဖဂန် အစိုးရက တရုတ်တို့ရဲ့ ပံ့ပိုးကူညီမှု၊ ရင်းနှီးမြှပ်နှံမှုများကြောင့် တိုင်းပြည်ပြန်လည် ထူထောင်ရာမှာ အထောက် အပံ့ ဖြစ်မည်ဟု မျှော်လင့်ထားကြောင်း NHK သတင်းမှာ ဖော်ပြထား သည်။

No comments:

Post a Comment

back to top