Monday, October 20, 2014

အန်ဖီးလ်ကွင်းမှာ ကြိုးကြာနီတို့ အခြေအနေကောင်းပါ့မလား

ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၃)ကို အောက်တိုဘာ ၂၃ ရက်မှာ ဆက်လက် ယှဉ်ပြိုင်ကစားတဲ့အခါ စိတ်ဝင်စားစရာ ကောင်းတဲ့ပွဲစဉ်က လီဗာပူးနဲ့ ရီးရဲ မက်ဒရစ်တို့ ပွဲစဉ်ဖြစ်ပါတယ်။ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာကြမယ့် ဒီပွဲစဉ်ဟာ ပရိသတ်အကြိုက်ရသမျိုးစုံပေးပြီး အသုံးတော်ခံဦးမှာ ဖြစ်ပါ တယ်။

 လီဗာပူးနှင့် ရီးရဲမက်ဒရစ်
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးတို့ နှစ်ကျော့စလုံး အနိုင်ယူခြင်းခံထားရတဲ့ အကြွေးကို အခုပွဲမှာ ရီးရဲမက်ဒရစ်တို့ ပြန်ဆပ်နိုင် မလားဆိုတာ ရင်ခုန်စရာပါပဲ။ ဂိုးသွင်းခြေမြူးနေတဲ့ စီရော်နယ်ဒို ဦးဆောင် တဲ့ တိုက်စစ်မှူးတွေဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးခံစစ်ကို ဘယ်လို ကျော်လွှားမလဲ ဆိုတာ လည်း စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။
ခြေစွမ်း မတည်ငြိမ်တဲ့ လီဗာပူးရဲ့လက်ရှိအနေအထားမှာ ဒဏ်ရာရကစားသမားတွလည်း ရှိနေတာမို့ ဧည့်သည်တို့ရဲ့ အနိုင်ရလဒ် ပုံဖော်မှုကို ကြိုးကြာနီတို့ ခွင့်ပြုရမယ့် အနေအထားရှိပါတယ်။

အက်သလက်တီကိုနှင့် မယ်လ်မို
နေရာလိုက်ကစားသမားကောင်းတွေရှိနေတဲ့ အက်သလက်တီကိုအတွက် တော့ မယ်လ်မိုဟာ ပြိုင်ဘက်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆွီဒင် ကလပ် မယ်လ်မိုဟာ ဆွီဒင်လိဂ်မှာတော့ ၂၇ ပွဲကစားပြီးချိန်မှာ တန်းစီ ဇယားထိပ်ဆုံးမှာရပ်တည်နေတာမို့ အက်သလက်တီကိုတို့ လျှော့တွက်ရင် မှားပါလိမ့်မယ်။ အလေးအနက်ကစားမှ အိမ်ရှင်တို့ အမှတ်ရမယ့်ပွဲဖြစ်ပါ တယ်။

အိုလံပီယာကို့စ်နှင့် ဂျူဗင်တပ်စ်
ဂရိကလပ်အိုလံပီယာကို့စ်ဟာ ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ လက်ခံ ကစားရပေမယ့် အမှတ်ရဖို့တောင်မလွယ်ပါဘူး။ စီးရီးအေမှာ ဒီနှစ် သရေ ပွဲ၊ ရှုံးပွဲမရှိသေးတဲ့ ဂျူဗင်တပ်စ်ဟာ ခြေစွမ်းထက်မြက်နေတာမို့ အခုပွဲ အဝေးကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ရလဒ်ကောင်းပိုင်ဆိုင်နိုင်ဖို့ အခွင့် အရေးရှိနေပါတယ်။

ဂါလာတာစာရေးနှင့် ဒေါ့မွန်
ချန်ပီယံလိဂ်အုပ်စု(D)မှာ ဒေါ့မွန်တို့ နှစ်ပွဲကစားပြီးချိန် ခြောက် မှတ်ရပြီး ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ဂါလာတာ စာရေးတို့က နှစ်ပွဲကစား၊ တစ်မှတ်သာရရှိထားတာမို့ ဒီပွဲမှာအားထည့်ဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဒေါ့မွန်ရဲ့ တိုက်စစ်၊ ခံစစ်တွေက ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အကောင်းဆုံး အနေအထားရှိနေတာမို့ ဧည့်သည် ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

မိုနာကိုနှင့် ဘင်ဖီကာ
ပြင်သစ်ကလပ် မိုနာကိုဟာ လီဂူး-၁မှာတော့ ရှုံးပွဲတွေများနေပါတယ်။ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ကတော့ နိုင်ပွဲတွေဆက်တိုက်ရရှိနေတာမို့ ဒီပွဲ မှာ ဧည့်သည်တို့ရဲ့ စွမ်းဆောင်မှုတွေသာ ရလဒ်ကို ပုံဖော်ပါလိမ့်မယ်။

လေဗာကူဆင်နှင့် ဇင်းနစ်
ဘွန်ဒက်စ်လီဂါမှာ ပုံမှန်ခြေစွမ်းရနေတဲ့ လေဗာကူဆင်ဟာ ရုရှားလိဂ်မှာ ခြေစွာနေတဲ့ ဇင်းနစ်ကို ပွဲကျပ်အဖြစ် လက်ခံ ကစားရပါလိမ့်မယ်။
ဒါပေမယ့် သရေပွဲ ဆက်တိုက်ကြုံတွေ့နေတဲ့ ဇင်းနစ်ဟာ အဝေးကွင်းမှာ အမှတ်ပြည့်ရဖို့ မလွယ်ပါဘူး။ ။

No comments:

Post a Comment

back to top